Jan 25, 2024
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာန ၁၁ ခုမှ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။
Jan 25, 2024
၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Jan 25, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ နှင့် သီရိပျံချီဘွဲ့ရ သီတဂူ ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား ဂုဏပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 25, 2024
၁၂ လရာသီ လပြည့်အခါသမယ၌ ထူးမြတ်သောအမှုတို့ ပေါ်ထွန်းလာကြသည်။ ယနေ့ ပြာသိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် နေရဉ္ဇာမြစ်ကမ်းဘေးရှိ ဥရုဝေလတောအုပ်တွင် နေထိုင်ကြသော ဥရုဝေလကဿပ၊ နဒီကဿပနှင့် ဂယာကဿပတို့ဦးဆောင်သော ဧဟိဘိက္ခု ရဟန်းတစ်ထောင်တို့ကို အာဒိတ္တပရိယာယသုတ်တော်ကို ဟောကြားတော်မူရာ ရဟန်းတစ်ထောင်တို့ ရဟန္တာဖြစ်ကြသည်။
Jan 25, 2024
သုတေသနလုပ်ငန်းဟူသည် သိရှိလိုသည့် အကြောင်းအရာတစ်ခုခုကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် စူးစမ်းရှာဖွေခြင်းပင်ဖြစ်သည်။ လုပ်ငန်းနယ်ပယ်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ပြုလုပ်ရန်လိုအပ်ပြီး စနစ်တကျစူးစမ်းရှာဖွေခြင်း၊ ဆန်းစစ်လေ့လာခြင်းနည်းလမ်းများဖြင့် အချက်အလက်သစ်များရရှိလာပြီး သိမှုနယ်ပယ် ပိုမိုကျယ်ပြန့်လာနိုင်သကဲ့သို့ အခက်အခဲများ၊ ပြဿနာများတို့ကို ဖြေရှင်းနိုင်ရန်အတွက်လည်း နည်းလမ်းများရရှိလာနိုင်သည်။
Jan 24, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Jan 24, 2024
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် မွန်တိုးတက်ရေးပါတီ သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
Jan 24, 2024
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့မှ စတုတ္ထနှစ်၊ ကျောင်းသား၊ ကျောင်းသူ (၇၄)ဦး၊ မဟာဝိဇ္ဇာ(ပထမနှစ်)၊ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ မဟာဝိဇ္ဇာ(ဒုတိယနှစ်)၊ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး၊ စုစုပေါင်း (၁၀၃) ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Jan 24, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 24, 2024
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Jan 24, 2024
မွန်ပြည်နယ်၊ ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 24, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုလဲတောင်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက်နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ညီအစ်ကို ၃ ဦး သေဆုံးခဲ့ပြီး၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 24, 2024
မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၃၈ ခုမှ ပြည်သူ ၅၀၂ ဦး၊ အမရပူရမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၂၄ ခုမှ ပြည်သူ ၄၂၀ စုစုပေါင်း ၉၂၂ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြသည်။
Jan 24, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jan 24, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့နှင့်အတူ ယမန်နေ့က ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာနှင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။
Jan 24, 2024
အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၄ နှင့် ဆက်စပ်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Landmark Mekong Riverside ဟိုတယ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Jan 24, 2024
အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 24, 2024
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နှင့်၂၂ရက်တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ “တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး” သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း သိရသည်။
Jan 24, 2024
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှ ကျောင်းသားများကိုယ်တိုင် ပေါင်မုန့်များ ထုတ်လုပ်နေပြီး အဝယ်လက်ခံရမှုများရှိကြောင်း အထက်ပါကျောင်းမှ သိရသည်။
Jan 24, 2024
ကုလားပဲဈေးကွက်ကောင်းနေပြီး ဝယ်လိုအားလည်းရှိနေကြောင်း ပဲအမျိုးမျိုးရောင်း ဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။