Feb 25, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 25, 2024
အထူးကုသမှုများ (Super Speciality) လိုအပ်သောပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်/ မန္တလေး/ နေပြည်တော်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
Feb 25, 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇,၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 25, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၊ အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး) နှင့် အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း (အင်းခေါင်း) များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 25, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 25, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနေ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းနှင့် ပီလောပီနံကုန်ချောထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး လေးမျက်နှာမြို့နယ်အတွင်း ပီလောပီနံအမှု့န်ကြိတ်စက် (၇၄) လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ထပ်မံ၍ အဆင့်မြင့်အမှုန့်ကြိတ်စက်များ တည်ဆောက်မည့်အခြေအနေ၊ ပီလောပီနံမျိုးကောင်း မျိုးသန့်များ ရယူစိုက်ပျိုးမည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေတို့ကို ဆွေးနွေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
Feb 25, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့အနီးရှိ သဲပြင်တောကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာရှိ ရှေးနှစ်ပေါင်း ၁၅၀ ခန့်က တည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း (ရုပ်စုံကျောင်း) နှင့် ကျေးရွာသဘာဝအလှအပများနှင့် နေဝင်ချိန်ရှုခင်းအလှအပများကို ကြည့်ရှုခံစားနိုင်သည့် ရွှေနတ်တောင်ပေါ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ခရီးစဉ်ဒေသ အသစ်ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
Feb 25, 2024
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို တပ်မတော်၏ အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ရေး။
Feb 25, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်း ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်နှင့် ကျိုင်းတုံမြို့အထွက်ရှိ နောင်နွမ်းကုန်ပစ္စည်းစစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ ကုန်သွယ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ပို့ကုန်ကုန်တင်ယာဉ်များ စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မိမိနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီဖြစ်စေရေး၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အလေးထားဆောင်ရွက်ရေး၊ နည်းပညာအရ ဆောင်ရွက်သည့် QR code စနစ်အတိုင်း တိကျစွာ စိစစ်မှတ်တမ်းတင်ရေးနှင့် လုပ်ငန်းများကို အဂတိကင်းရှင်းစွာဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
Feb 25, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သုတေသီများနှင့် တောင်သူလယ်သမားများ ပါဝင်သော တောင်သူနည်းပညာဆွေးနွေးပွဲများ (Farmers’ Technical Forum) ကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိရာ (၂၆) ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Feb 25, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 25, 2024
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်သို့ ရောက်ရှိပြီး One Stop Service Center ရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
Feb 25, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Feb 25, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပသည်။
Feb 25, 2024
အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူလူထုကို စိုးရိမ်ထိတ်လန့်အောင်လုပ်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့အကြောင်းနဲ့ လတ်တလောလုပ်နည်းလုပ်ဟန်များအကြောင်းကို ကျွန်တော်တို့မိဘပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ဖို့ တင်ပြလိုပါတယ်။ ပထမဦးစွာဖြစ်ပေါ်နေတဲ့ တိုက်ပွဲများအကြောင်း၊ တိုက်ပွဲများအကြောင်းနဲ့ပတ်သက်ပြီးတော့ ရေးသားနေတာတွေရှိပါလိမ့်မယ်။ ပြည်ဖျက်မီဒီယာတွေကလည်း အမျိုးမျိုးပညာရှင်အမည်ခံသုံးသပ်နေတဲ့သူတွေလည်း တွေ့ရပါလိမ့်မယ်။
Feb 25, 2024
ဆက်သွယ်ရေးနည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ လောကလူသားများအတွက် ကောင်းကျိုးရလဒ်များကို ရရှိခဲ့ကြသလို မကောင်းမှုနှင့် လိမ်ညာလှည့်ဖြားမှုများလည်း တိုးတက်ဖြစ်ပေါ်နေသည်ကို ကြားသိနေကြသည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုမှအစ လူကုန်ကူးမှု၊ သတင်းတုသတင်းမှားမျှဝေမှု၊ အယောင်ဆောင် ငွေကြေးအကျိုးအမြတ်ရှာဖွေမှုစသည့် လိမ်ညာလှည့်ဖြားမှု မကောင်းမှုမျိုးစုံတို့ပြုလုပ်နေကြသည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။
Feb 25, 2024
နှစ်စဉ် နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များ ဖြစ်ပေါ်လေ့ရှိပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရသည်။ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အတားအဆီးမရှိ ဝင်ရောက်ပြီး ဒေသခံပြည်သူတို့အပေါ် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ (Transboundary Smoke) ကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတို့က ကြိုးပမ်းနေကြရသည်။
Feb 24, 2024
(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 24, 2024
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ရိပ်သာ၌ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့ပေါ် ဈေးသူ/ဈေးသားများ တက်ရောက်ကြသည်။
Feb 24, 2024
မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက်စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှုစွမ်းအားကိုဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။
