Feb 27, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး(ခ)အားလျံ ငှားရမ်းထားသည့်ဂိုဒေါင်အား သတင်းအရ ရှာဖွေရာဂိုဒေါင်အတွင်းမှ တရားမဝင်သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Feb 27, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦးအား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
Feb 27, 2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 27, 2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က လူငယ် ၁၅ ဦးထက်မနည်းကို လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားသည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် RFA မှ မဟုတ်မမှန် ကောလာဟလသတင်းများကို လှုံ့ဆော်ဝါဒဖြန့်ချိ လျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 27, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 27, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ခေတ္တတိမ်းရှောင်နေသည့် ဒေသခံပြည်သူများ၏ ပြည်သူပိုင်နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်သွားခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 27, 2024
တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့၏ (၆) ကြိမ်မြောက် စာတမ်းဖတ်ပွဲကို “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၅)ရှိ စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Feb 27, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း တစ်ကွင်းတစ်စပ်တည်း နွေစပါး ဧက ၁၀၀ စံပြကွက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
