နေပြည်တော် စက်တင်ဘာ ၁၄
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၎င်း၏ခန့်အပ်လွှာကို စက်တင်ဘာ ၁၂ ရက်တွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ သမ္မတရုံး၌ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာရမ်ချန်ဒရာပေါ်ဒဲလ်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်