Skip to main content

Aug 12, 2020

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ် (CERP) ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၈ ရက် နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာ မိုးစပါးစိုက်ကွင်းရှင်းလင်းဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2020

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် သည် ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ-ကနေဒါ ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးအတွက် ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီနှင့် ခန်းမတွင်းနေရာချထားရေး လုပ်ငန်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2020

လူ့ဘဝသက်တမ်းတစ်ခုသည် ခဏတာမျှဖြစ်သည်။ တစ်နည်းဆိုလျှင် လူ့ဘဝသည် အလွန်တိုတောင်းလှသည်။ ရက်၊ လ၊ နှစ်တို့သည် တရွေ့ရွေ့ အလျင်အမြန်ကုန်ဆုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ကြုံတွေ့နေကြရသည်။ လက်ရှိတွင် ကိုဗစ်-၁၉ရောဂါရိုက်ခတ်မှုဒဏ်သည် ပြင်းထန်ဆဲဖြစ်ပြီး အန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်လာစေရေးအတွက် အထူးသတိထား ဆောင်ရွက်နေရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2020

မျက်မှောက်ကာလ ကမ္ဘာ့မြင်ကွင်းကျယ်ကြီးကိုကြည့်လျှင် ကမ္ဘာလုံးချီသည့် ကူးစက်ရောဂါဘေးကြောင့် နိုင်ငံကြီး နိုင်ငံငယ်မဟူကဏ္ဍ ပေါင်းစုံမှာ ထိခိုက်ခံစားနေကြရသည့် မြင်ကွင်းက အထင်ရှားဆုံး ဖြစ်နေသည်ကို တွေ့မြင်ရမည်။ သို့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှု စသည့်ပြဿနာကြီးများကလည်း ကမ္ဘာ့နိုင်ငံများစွာတို့ကို လေးလံစွာ ဖိစီးလျက်ရှိနေသေးသည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်ဝါဒနှင့် အုပ်စုဖွဲ့ ဗိုလ်ကျစိုးမိုးလိုသည့် ဝါဒတို့ကို ရင်ဆိုင် နေကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၀ အား (၁၃)ကြိမ်မြောက် မြန်မာအမျိူးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင်လည်းကောင်း၊ နိုင်ငံအရပ်ရပ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၉၇ ဦးအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် (၁၇)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင်လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီး ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် (၁၂) ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်း အနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့မွန်းလွဲ ၃ နာရီ ခွဲက လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ သွားရောက်ကာ သာသနာ့ဗိမာန်အတွင်း ပါကေးခင်းကျင်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ စေတီတော်ကြီးအား လက်ဝဲရစ် လှည့်လည်ပူဇော်ပြီး ဂန္ဓကုဋိတိုက် အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်၊ အနောက်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် စကျင်ကျောက်အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တံခွန်တိုင် အောက်ခြေ စကျင်ကျောက် အချောသတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 11, 2020

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်