Sep 30, 2020
အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 30, 2020
ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 30, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တိုင်း/ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ဒေါနခြံ Quarantine Center တွင် မုံရွာမြို့ပေါ်ရှိ ဂရုဏာမြင့်မိုရ်၊ ရုံးကြီးလူငယ်၊ ဒေဝဂတိ၊ စိတ္တသုခ၊ ဇနသုခ၊ ဖြူစင်မေတ္တာ၊ သုခဟိတ၊ မြို့သစ်လူငယ်၊ Rescue ၊ ရာသက်ပန် စသည့် ကျန်းမာရေး လူမှုကူညီရေးအသင်းအဖွဲ့(၁၀)သင်းအား ကိုဗစ်-၁၉ရောဂါ တာဆီး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာ ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။
Sep 30, 2020
ကမ္ဘာ့ဘဏ်က အောက်တိုဘာလအတွင်း အရှေ့အာရှပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ်ထိန်းချုပ်မှုမှ ပြန်လည်ထူထောင်ရေးသို့.. အစီရင်ခံစာထုတ်ပြန် သွားရန်ရှိပြီး ယင်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန် ချက်တစ်စောင် ကို ယနေ့တွင် ထုတ်ပြန်ထားသည်။
Sep 30, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသ ခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူ များ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 30, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Sky net) တို့က ဦးဆောင်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကနဦး မတည်ကာ ၅၅၉ ခုတင် ပါဝင်သည့် အင်းလျားလိတ် ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် တည်ဆောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 30, 2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် The Asia Foundation ၊ International Institute for Demo-cracy and Electoral Assistance (International IDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက် ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
Sep 30, 2020
သွားဟယ်လာဟယ်၊ ရောင်းဝယ် ဖောက်ကားဟယ်၊ တိုးဟယ် ဝှေ့ဟယ်ဖြင့် အစဉ်အမြဲ လှုပ်ရှားနေလေ့ရှိသည့် ရန်ကုန်မြို့မြင်ကွင်းကို တိတ်ဆိတ်ခြောက်သွေ့မှုက လွှမ်းခြုံထားနေ၏။ ရန်ကုန်မြို့တွင် သာမက အခြားသော မြို့ကြီးများနှင့် နိုင်ငံအနှံ့ရှိ ဒေသအတော်များများ၌ စိုးရိမ်ကြောင့်ကြမှုများနေသည့် ပြည်သူတို့ကို တွေ့နေရ၏။ ကပ်ရောဂါ၏ အနေအထားကြောင့် ထိုသို့ စိုးရိမ်ပူပန်နေကြ သည်မှာ လူ့သဘာဝပဲဖြစ်၏ဟု သဘောရပါသည်။
Sep 30, 2020
“အို၊ နာ၊ သေ ́ဘေးသည် တရားတော်အရ လူတိုင်းလူတိုင်း မလွဲမသွေရင်ဆိုင် ကြုံတွေ့ရမည့် သဘောတရားဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးကို မည်သူမျှ မရှောင်လွှဲနိုင်ပါပေ။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဤသုံးမျိုး၏ အဓိက လက်သည်ဖြစ်သည့် နာခြင်းသည် အနာရောဂါ အမျိုးမျိုးဖြင့် လူတို့ဘဝကို အဆုံးသတ်အောင် ကြိုးပမ်းလေသည်။
Sep 29, 2020
(၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၉၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၇၉၅)ဦး တွေ့ရှိရပါသည်။