နေပြည်တော် စက်တင်ဘာ ၂၉
အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေခင်ဗျာ ...
ကျွန်တော် အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ နေဇင်လတ်ဖြစ်ပါတယ်။
မကြာခင်အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး ပြည်သူတွေ မဲထည့်ကြ ရပါတော့မယ်။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလ (၂) ခု ကို ဖြတ်သန်းခဲ့ကြပြီးပါပြီ။ မိဘပြည်သူတို့အနေနဲ့လည်း ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကွဲကွဲပြားပြား ကိုယ်တိုင် ခံစား ကြည့်ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့်ဒီတစ်ခါမှာတော့ ...
ပါတီကိုလည်းကြည့်ပါ။ လူကိုလည်းကြည့်ပြီး မှန်မှန်ကန်ကန် မဲပေးကြပါလို့ ဦးဆုံးတိုက် တွန်းလိုက်ပါရစေ။
မိဘပြည်သူများခင်ဗျာ
မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲတစ်ပြားစီဟာ မိမိတို့ရဲ့ အနာဂတ်ဖြစ်သလို နိုင်ငံရဲ့အနာဂတ်လည်း ဖြစ်ပါတယ်။
စားဝတ်နေရေးပြေလည်ချင်သလား။
မှန်ကန်တဲ့ပါတီနဲ့ ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ရပါမယ်။
အလုပ်အကိုင်တွေပွင့်လန်းစေချင်သလား။
မှန်ကန်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပေးနိုင်ရမှာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ဘဝတွေ တကယ်တိုးတက်ချင်ပါသလား။
မှန်ကန်တဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို စိစစ်ပြီး မဲပေးနိုင်ဖို့ ဖြစ်ပါတယ်။
အမျိုးသားတိုးတက်ရေးပါတီက ဝင်အရွေးခံမယ့် ကိုယ်စားလှယ်တွေ အားလုံးဟာ စီးပွားရေး ကို တကယ် နားလည်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးကို တကယ်နားလည်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး၊ မိဘပြည်သူတွေရဲ့ စားဝတ်နေရေး အမှန်တကယ် ဖြည့်ဆည်း ပေးနိုင်မယ့်သူတွေကို သေသေချာချာ ရွေးချယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် မိဘပြည်သူတွေ အနေနဲ့ မျက်လုံးမှိတ်ပြီး မဲပေးလို့ရပါတယ်ဆိုတာ အာမခံပြီး ပြောကြားပါရစေ။
မိဘပြည်သူများခင်ဗျာ
မိဘပြည်သူတွေယုံကြည်လို့ အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေသာ လွှတ်တော်ထဲကို ရောက်ခဲ့မယ် ဆိုရင် မိဘပြည်သူတွေရဲ့ စားဝတ်နေရေး၊ နိုင်ငံရဲ့ စီးပွားရေး၊ ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အဆိုတင်သွင်းမှုတွေနဲ့ လွှတ်တော်ကြီးကို ဆက်တိုက်တွန်းအား ပေးသွားမှာကို မိဘပြည်သူများ တွေ့မြင် ရလိမ့်မယ်လို့ ကြိုတင်အသိပေး ပါရစေ။
အမျိုးသားတိုးတက်ရေးပါတီက သေသေချာချာ စိစစ်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ အားလုံးဟာ မိဘပြည်သူ တွေရဲ့ အကျိုးသက်သက်ကိုသာ ထမ်းဆောင်ကြမယ့် လူတွေဖြစ်ပြီး အားလုံးဟာ ပညာ တတ်များ၊ လုပ်ငန်းရှင် များ၊ နောက်ခံအင်အား တောင့်တင်းကြသူ များသာဖြစ်ကြလို့ မိဘပြည်သူတွေ ယုံကြည် အားကိုးနိုင်ပါလိမ့်မယ်။
မိဘပြည်သူများခင်ဗျာ
ပါတီရဲ့ အဓိက ရပ်တည်ချက်က အရေးကြီးပါတယ်။ ပါတီနာမည်ကိုက ရပ်တည်ချက်ကို တွေ့နိုင်ပါလိမ့်မယ်။
အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေဟာ ကိုယ်ကိုယ်တိုင် တိုးတက်အောင် လုပ်နိုင်ကြသူတွေ၊ မိဘပြည်သူ တွေဘ၀ကို တိုးတက်အောင် လုပ်ပေးနိုင်ကြသူတွေကိုသာ ရွေးချယ်ပြီး ရွေးကောက်ပွဲ ဝင်စေခဲ့ပါ တယ်။
အမျိုးသား တိုးတက်ရေးပါတီရဲ့ အဓိကမောင်းနှင်ကြသူတွေ အားလုံးကိုယ်တိုင် တိုးတက်အောင် လုပ်ခဲ့ပြီးကြ သူတွေဖြစ်ပါတယ်။ ပညာ (သို့) စီးပွားတစ်ခုခုကို ပိုင်ဆိုင်ထားကြ သူတွေဖြစ်ပါတယ်။ ပြတ်သား၊ တိကျပြီး လက်တွေ့ကျတဲ့ မူဝါဒတွေကို ချမှတ်ထားပါတယ်။
အနည်းငယ်ရှင်းပြလိုပါတယ်။
နိုင်ငံ့စီးပွားရေးကဏ္ဍ
အမျိုးသားတိုးတက်ရေးပါတီမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမှာမို့ မိဘပြည်သူ တွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးဖို့ တာဝန်ယူသွား ကြပါလိမ့်မယ်။
နိုင်ငံအဆင့်စီးပွားရေးမှာအခြေခံလူတန်းစား၊ လူလတ်တန်းစား၊ အပေါ်လူတန်းစား (၃) မျိုးလုံးကို ဘယ်လို မြှင့်တင်ပေးရမလဲဆိုတဲ့ နည်းလမ်းတွေကို သိရှိထားကြသူတွေဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က လုပ်ငန်းရှင် ဖြစ်တာကြောင့် အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေကို နောက်ကနေ ပံ့ပိုးပေးသွား မှာဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ် စီးပွားရေးကို ဘယ်လိုမြှင့်တင်ပေးရမယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရအောင် ဘယ်လိုလုပ်ရမယ်၊ မူဝါဒပိုင်းဆိုင်ရာ ဘာတွေ ပြင်ဆင်ပေးရမယ်၊ အလုပ်လက်မဲ့တွေ ကိုဘယ်လို အလုပ်ရရှိရေး ဆောင်ရွက် ပေးရမယ် ဆိုတာကို ကောင်းစွာသိထားတဲ့ပါတီ ဖြစ်ပါတယ်။
တောင်သူလယ်သမားဦးကြီးများ လုပ်သလောက် အကျိုးမဖြစ်တာကိုလည်း သိထားပါတယ်။ လည်ပင်းအထိ နစ်နေတဲ့အကြွေးတွေ ဘယ်လိုပေးချေရမယ်။ သီးနှံထွက်ကုန်တွေက ဘယ်လိုအမြတ်အစွန်း ရရှိစေအောင် ဆောင်ရွက် ပေးရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိထားတဲ့ ပါတီ ဖြစ်ပါတယ်။
အမျိုးသားတိုးတက်ရေးပါတီမှာ ပါရဂူတွေ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲရေး မဟာဘွဲ့ ရသူတွေ၊ ပြည်သူရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ရသူတွေနဲ့ ဖွဲ့စည်းထားပြီး၊ လက်တွေ့ကျကျမူဝါဒ ရေးဆွဲအကောင်အထည်ဖော်နိုင်မယ့်သူတွေ နဲ့ ဖွဲ့စည်းထား ပါတယ်။
နိုင်ငံတကာရေးရာ
အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်သာ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ခွင့် ရမယ်ဆိုရင် နိုင်ငံတကာ ဖိအားတွေ လျော့ကျလာစေဖို့၊ မြန်မာနိုင်ငံအန္တရာယ်က လွတ်မြောက်ဖို့ နည်းတွေနဲ့ လွှတ်တော်ထဲက တစ်ဆင့် အစိုးရကို တိုက်တွန်းအကြံပေးသွားမှာ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျာ
ကျွန်တော့်အနေနဲ့ နောက်ဆုံး တင်ပြချင်တာက
အခုလာမယ့် ရွေးကောက်ပွဲမှာ အရည်အချင်းပြည့်ဝတဲ့ ပါတီ၊ အရည် အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို သေသေ ချာချာ ရွေးချယ်ပြီး မဲပေး ကြပါလို့ တိုက်တွန်းလိုပါတယ်။
အမျိုးသားတိုးတက်ရေးပါတီက စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေ ဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ဖြည့်စွမ်း ထားနိုင်တဲ့ ကိုယ်စားလှယ် တွေဖြစ်ပြီး လူမှုဘ၀တွေကိုမြှင့်တင်ဖို့ တာဝန်ထမ်းဆောင်ကြမယ့်သူတွေ ဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ “က” ဒေါင်းတံဆိပ်ပါ အဝါရောင် နောက်ခံ အမျိုးသားတိုးတက်ရေး ပါတီကို မဲပေး နိုင်ကြပါစေလို့ တိုက်တွန်းပါတယ်။
တကယ်တိုးတက်ချင်ပါသလား၊
"က” ဒေါင်းတံဆိပ်၊ အဝါရောင်နောက်ခံ၊ အမျိုးသားတိုးတက်ရေးပါတီဖြစ်ပါတယ်။
စစ်မှန်တဲ့အပြောင်းအလဲကို လိုချင်ပါသလား။
"က" ဒေါင်းတံဆိပ်၊ အဝါရောင်နောက်ခံ၊ အမျိုးသားတိုးတက်ရေးပါတီဖြစ်ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
ပြည်သူ့အတွက် NDP
(အမျိုးသားတိုးတက်ရေးပါတီ)၄
- ကလေးများတိုးတက်ရေးအတွက် လောကသစ်ကို ယူဆောင်လာပြီ
ပညာရေးနဲ့ဘဝကို မြှင့်တင်ရမယ်
ရည်မှန်းချက်ဘဝအတွက် တို့တွေသင်ယူနိုင်ဖို့
အားလုံး NDP ကို မဲပေးဦး
- ပင်ပန်းဆင်းရဲ အလုပ်ခွင်ထဲက ဘဝများအတွက်
အားမလျှော့ပါနဲ့ အမေးတွေတိုင်းမှာ အဖြေရှိတယ်
လူငယ်တိုင်းအတွက် ရင်ဆိုင်ရန်အမြဲအသင့်ရှိတယ်
Cho - NDP
(ပြည်သူရှေ့ အမြဲအသင့်ရှိမယ့်)
NDP
(ပညာရေးကို ဦးစားပေးမယ့်)
NDP
(စစ်မှန်သောအပြောင်းအလဲများအတွက်)
NDP ကိုရွေး……
- အုပ်ချုပ်ရေးနဲ့ ဥပဒေ တရားမျှတစွာမှန်ကန်စေမယ်
နိုင်ငံရေးကို အကြမ်းဖက်ခြင်းတွေ မရှိသင့်တော့ပါ
ပေးထားတဲ့မဲများအတွက် ပြည်သူတွေပြန်ခံစားခွင့်ရှိမယ်
- လယ်ကွင်းထဲက ရွှံ့ညွန်များနဲ့ ဘဝများအတွက်
ဇွဲမလျှော့ပါနဲ့ ပေးဆပ်ခြင်းအတွက် ပြန်ရမယ့်
လယ်သမားများအတွက် ကူညီရန်အမြဲအသင့်ရှိတယ်
Cho-