Skip to main content

ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၉

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြ ခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခမ်အင်ထန်းဖြစ်ပါတယ်။

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီကို အင်္ဂလိပ်လို Zo National Region Development Party လို့ ခေါ်ပါတယ်။ အတိုကောက် Zo Party လို့လည်း ခေါ်ကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ လူမျိုးနွယ်စု (၁၃၅)မျိုး ပါဝင်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုး (၈)မျိုးတို့နှင့် ဖွဲ့စည်းနေထိုင်တာ အားလုံးသိကြပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ ဇိုလူမျိုးနွယ်စုဟာ လူမျိုးနွယ်စု(၅၃) ခုနှင့် ဖွဲ့စည်းထားတဲ့ ချင်း အုပ်စုမှာ ပါဝင်ပါတယ်။ ဇိုဆိုတဲ့ အခေါ်အဝေါ်ဟာ လူပုဂ္ဂိုလ်အမည်ဖြစ်ပြီး ချင်းလူမျိုးအားလုံးဟာ အဆိုပါ Pu Zo လို့ ခေါ်တဲ့ပုဂ္ဂိုလ်မှ ဆင်းသက် လာတယ်လို့ အဆိုရှိပါတယ်။ ကျန်တဲ့ချင်း လူမျိုးနွယ်စု အမည်များဟာ နေရာဒေသ အမည်များဖြစ်တယ်လို့ လေ့လာမှတ် သားရပါတယ်။

ကျွန်တော်တို့ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီရဲ့ အဓိကဆောင်ပုဒ် ကတော့ မျိုးချစ်ဝါဒမှ ပြည်ချစ်ဝါဒသို့ ဆိုတဲ့ ဆောင်ပုဒ်ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံရေးဝါဒ ဘယ်လောက်ပဲများများ အကြမ်းအားဖြင့် (၂)မျိုးပဲ ရှိပါတယ်။ ပထမ အုပ်စုကတော့ လူကိုအခြေခံတဲ့ မျိုးချစ်ဝါဒနှင့် ဒုတိယအုပ်စုကတော့ ပိုင်နက်မြေ (သို့မဟုတ်) ဒေသကို အခြေခံတဲ့ ပြည်ချစ်ဝါဒတို့ပဲ ဖြစ်ပါတယ်။

မျိုးချစ်ဝါဒကို အင်္ဂလိပ်လို Nationalism နှင့် ပြည်ချစ်ဝါဒကို Patriotism လို့ ခေါ်ပါတယ်။

မျိုးချစ်ဝါဒရဲ့ သဘောတရားကို နာမည်ကျော် သိပ္ပံပညာရှင်အတွေးအခေါ် ပညာရှင်ကြီးဖြစ်တဲ့ Albert Einstein က အခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

 Nationalism is an infantile disease.

 It is the measles of mankind.

 အဓိပ္ပာယ်ကတော့ မျိုးချစ်ဝါဒဟာ လူ့ဘောင်

 လူ့လောကကို ဒုက္ခပေးတဲ့ သူငယ်နာဝက်သက်ရောဂါ

 တစ်မျိုးဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်ချစ်ဝါဒ သဘောတရားကိုကျတော့ အမေရိကန်နိုင်ငံရဲ့ (၂၆)ဦးမြောက် သမ္မတဖြစ်တဲ့ Theodore Roosevelt က ယခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

 Patriotism means to stand by

 the country,It does not mean

 to stand by the president.

 အဓိပ္ပာယ်ကတော့ ပြည်ချစ်ဝါဒ ဆိုတာ တိုင်းပြည်

 အတွက် ရပ်တည်ပေးပြီး သမ္မတ(ဒါမှမဟုတ်)

 လူပုဂ္ဂိုလ်တစ်ဦးအတွက် မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဒီနှစ်ခုစလုံးကို ခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင် မျိုးချစ်ဝါဒသည် လူတစ်ဦး၊ လူမျိုးတစ်မျိုး၊ လူအုပ်စု တစ်ခုနဲ့သာ သက်ဆိုင်ပြီး၊

ပြည်ချစ်ဝါဒသည် တိုင်းပြည်တစ်ခုလုံးအတွက် ဖြစ်တယ်ဆိုတာ လေ့လာ သိရှိရပါတယ်။

Nationalism ခေါ်တဲ့ မျိုးချစ်ဝါဒကို သက်ဦးဆံပိုင်ဘုရင်တွေနဲ့ အာဏာရှင်များက လက်ကိုင် ထားတတ်ကြပြီး

Patriotism ခေါ်တဲ့  ပြည်ချစ်ဝါဒဟာဆိုရင်  ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံမူဝါဒဖြစ်ကြောင်း   လေ့လာတွေ့ရှိရ ပါတယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့် မယ်ဆိုလို့ရှိရင်  မျိုးချစ်ဝါဒီများကြီးစိုးတဲ့ နိုင်ငံတွေဟာ ပျက်စီး ပြိုကွဲခြင်းများ နှင့်ကြုံတွေ့ရပြီး ဒီမိုကရေစီစနစ်က တဖြည်းဖြည်း လွှမ်းမိုးလာတာကို တွေ့ ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ လူမျိုးပေါင်းများစွာနှင့် တည်ထောင်ထားတဲ့နိုင်ငံဖြစ် တဲ့အတွက် ဒီမိုကရေစီစနစ် ကျယ်ပြန့် လာတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ စနစ်ကို ကူးပြောင်းရာမှာ စနစ်တကျနှင့် မြန်မြန်ဆန်ဆန်ဖြစ်ဖို့ လိုနေပါတယ်။

မျိုးချစ်ဝါဒနှင့် ပြည်ချစ်ဝါဒကို ကွဲကွဲပြားပြား သိရှိနားလည်မှသာလျှင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု (သို့မဟုတ်) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ချောမွေ့စွာ တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။

အခုလာမယ့် ၂၀၂၀ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသူ၊  နိုင်ငံသားများ အနေနဲ့ အတိတ်က အားနည်းချက်များကို သင်ခန်းစာယူပြီး     မဲပေးကြဖို့နှင့် လွှတ်တော်ထဲရောက်တဲ့ အခါမှသာ အခြားနိုင်ငံရေး  ပါတီကြီးများနှင့် ပူးပေါင်း ပြီး နိုင်ငံတော်ရဲ့ ရှေ့ရေးကို စုပေါင်းအဖြေရှာ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

စုပေါင်းခေါင်းဆောင် အကြံအောင်ဆိုတဲ့   ဆိုရိုးစကားနဲ့အညီ တိုင်းရင်းသားပါတီအားလုံး စုပေါင်းပြီး ညီညီ ညာညာ လုပ်ကိုင်ကြမယ်ဆိုလို့ရှိရင် ယနေ့မြန်မာနိုင်ငံသား အားလုံးရင်ဆိုင် နေကြရတဲ့ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းများအားလုံး ပြန်လည်လမ်းပွင့် သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားများအနေနဲ့ မိမိတို့ရဲ့ ပြည်နယ်၊  မိမိတို့ရဲ့  ဒေသခံပါတီကို    မည်သည့်အရောင်မှ မဆိုးဘဲ အပြည့်အဝ ထောက်ခံမဲပေးကြပါ။ ကိုယ့်ခြေ ထောက်ပေါ်မှာ သတ္တိရှိရှိရပ်တည်ပြီး  အသည်းကြားက မဲတစ်ပြား နဲ့ အဲဒီသတ္တိကို သက်သေပြကြပါလို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်။ ၁၃၅   မျိုးသော     တိုင်းရင်းသားအားလုံး    ကျန်းမာချမ်းသာ တော်မူကြပါစေ။

 Pu Zo Suon Zo tu Zo ta te aw –

 Zo Laukha paal lun ding ih deih leh Zo National (Zo Minam Pi) Party sung

 ah ma pang ton via. Pu Zo Minlun leh Paslen it na sung

 ah ki pumk khat via.

 Tun nu Zo gam gie bang zun vai. (Lungdam)

 သီချင်းစာသားအဓိပ္ပာယ်

- မတိုးတက်မဖွံ့ဖြိုးသေးတဲ့ ဒို့ရဲ့ဌာနေကို

 အခုအချိန်ကစပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့

-  ညီအစ်ကိုမောင်၊ မိဘများနှင့် အတူကြီးပြင်းလာခဲ့တဲ့

 ကိုယ့်ဒေသကို ဘယ်ဒေသရောက်ရောက် အမြဲသတိရနေပါတယ်။

-  မိုးသောက်ရောင်ခြည်၊ အလင်းရောင်သန်းလာတာနဲ့အတူ

 စိတ်သစ်လူသစ်နှင့် ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းကြပါစို့။