Nov 12, 2020
(၁၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၂၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၅) ဦး တွေ့ရှိရပါသည်။
Nov 12, 2020
ကမ္ဘာ့ဆီးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 12, 2020
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ် စီကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Nov 12, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၄၃) ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် (၈) နာရီခွဲတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများ အပါအဝင် မြန်မာ နိုင်ငံသား (၁၅၆) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၅) နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Nov 12, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅၈/၂၀၂၀) ကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 12, 2020
(၁၁-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၁၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 12, 2020
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်း နှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ များနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Nov 12, 2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
Nov 12, 2020
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စုနှင့် အမှတ်(၉)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
Nov 12, 2020
ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်(DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ သမဝါယမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။