Skip to main content

ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်နှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်

နေပြည်တော်  နိုဝင်ဘာ ၁၁

ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်(DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ သမဝါယမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

DGRV သည် သတင်းအချက်အလက်စနစ် ဖွံ့ဖြိုးရေးအတွက် Activity Plan များ ရေးဆွဲခြင်း၊ ဂျာမနီနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာရှိ သမဝါယမဥပဒေများနှင့် နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံ သမ ဝါယမဥပဒေများနှင့် ညီညွတ်သည့်အချက်များ ပေါင်းစပ်ဖြည့်ဆည်း နိုင်ရေး ဆောင်ရွက်ခြင်း၊ “သမဝါယမအမှုဆောင်(BOD)များ၏ အခန်းကဏ္ဍနှင့်တာဝန်များနှင့် “ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းလက်စွဲစာအုပ်များ အပြီးသတ် ရေးဆွဲခြင်း၊ GIZ, Savings Bank Foundation, JICA and UNCDF နှင့် အတူတကွ ပူးပေါင်း၍ World Savings Day တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကောင်းမွန်သော သမဝါယမအုပ်ချုပ်မှုစနစ်အား အွန်လိုင်းမှ သင်ယူနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်ခြင်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်