Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ဘားအံ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စုနှင့် အမှတ်(၉)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် လှာကဒေါင်ကျေးရွာ ကမားဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လှာကဒေါင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၀၅ စုအား ထောက်ပံ့ငွေကျပ် ၂၀၀၀၀ စီကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ အမှတ် (၉) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၈၁၂ စုကို ကိုဗစ် - ၁၉ ရောဂါ ကာလ ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘားအံမြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု ၂၁၀၂၂ စုရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)