Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

နေပြည်တော် ဒီဇင်ဘာ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူ ဆု၊ သုတပဒေသာ(ဝိဇ္ဇာ)ဆု ဒုတိယ ဆုရရှိသည့် စာရေးဆရာ ဇွဲသန်းသျှင်း (သုံးဆယ်)၏ “ပီမိုးနင်းစာများက ပြောသည့် ပီမိုးနင်း” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာရေး ဆရာကြီး ပီမိုးနင်း၏ဘ၀ကို ထင်ဟပ် စေသော ပီမိုးနင်း၏ စာပေလက်ရာ များကို ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့ပြင် မြန်မာစာပေနှင့်သက်ဆိုင်သည့် ကဏ္ဍအချို့တို့တွင် လက်ဦးအစ တီထွင်ခဲ့သူ၊ ပထမဦးဆုံး နေ့စဉ်ထုတ် သတင်းစာ အယ်ဒီတာ၊ အနောက်တိုင်း ဆေးပညာစာပေကို မြန်မာစာပေ အတွင်းသို့ အစောဆုံး ပို့ဆောင်ပေးခဲ့ သည့် စာရေးဆရာ၊ ဝေဖန်ရေးစာပေ ကဏ္ဍ၌ ဝေဖန်ရေးတံခါးကို အစောဆုံး ဖွင့်ပေးခဲ့သော ဝေဖန်ရေး စာရေးဆရာ၊ မြန်မာဝတ္ထုတိုသမိုင်း၌ ပထမဦးဆုံး ဝတ္ထုတိုစာရေးဆရာ၊ ပထမဦးဆုံး စုံထောက်ဝတ္ထုရေးဆရာ၊ ကိုလိုနီ ခေတ်၌ မြန်မာဘာသာစကား အရှိန် အဝါညှိုးမှိန်နေချိန်တွင် မြန်မာဘာသာ စကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော စာပေ ပညာရှင်၊ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဦးဆုံး ဇာတ်ညွှန်းရေးဆရာ အဖြစ် ဦးဆောင်ခဲ့သူ စာရေးဆရာ စသည်ဖြင့် စာရေးဆရာကြီးပီမိုးနင်း နှင့် စပ်ဆိုင်သည့် ဖော်ထုတ်မှတ်တမ်း တင်ရန် လိုအပ်နေသောအချက်များကို သုတေသနပြု မှတ်တမ်းတင်ထား သော စာအုပ်ဖြစ်သည်။ ဤစာအုပ် တွင် ပီမိုးနင်းနှင့် ခေတ်ပြိုင် ထင်ရှားပြီး လက်တွဲဆောင်ရွက်ခဲ့သော စာရေး ဆရာများ၏ ဘဝဖြစ်စဉ် ရက်စွဲများကို လည်း လေ့လာနိုင်သည့် စာအုပ် ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၁၄၀၀ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း နှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်