Jan 14, 2021
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသော ကဏ္ဍများ ပြန်လည်သုံးသပ်ညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံသည့်မြေ (၁၀၆၃၄.၉၅၆)ဧက မှ စိုက်ပျိုးမြေ (၅၁၈၄.၇၀)ဧက အား မူလတောင်သူများလက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ခြင်း အခမ်းအနားကို ယနေနံနက် (၁၀:၃၀)နာရီအချိန် က မြို့နယ်ရဿဝတီခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 14, 2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် ပြည်လမ်းအမှတ်(၆၁၅)ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင် ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် ကျန်းမာရေး အသိပညာပေး Stop Covid အဝါရောင် Campaign ပညာပေး Billboard အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့
Jan 14, 2021
Stop Covid-19 အဝါရောင် အသိပညာပေး ပိုစတာဖွင့်ပွဲကို ယမန်နေ့မွန်လွဲ ၃ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦ ရှေ့၌ ကျင်းပသည်။
Jan 14, 2021
ကယားပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်ချက်၊ တင်ပြချက်များ အပေါ် အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာ၌ ဘာသာရေးဆိုင်ရာ အဆောက်အဦဆောက်လုပ်ရာတွင် လိုအပ်သော အလှူငွေများအား သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 14, 2021
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပြန်လည်ဖြစ်ပေါ်လာရာ ဖြေလျှော့နိုင်ရန်နှင့် လှိုင်မြစ်ကူး အောင်ဇေယျ ကြိုးတံတားပေါ်မှ ဖြတ်သန်း သွားလာသည့် ကုန်သေတ္တာ တင်ယာဉ်များ တံတား၏ ခံနိုင်ရည်အရ ယာဉ်နှင့် ကုန် ၃၆ တန်အတွင်းသာ ဖြတ်သန်းသွားလာရန်နှင့် ကျော်လွန် ပါက ရွှေပြည်သာတံတားမှ ဖြတ်သန်းမောင်းနှင်ရန် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ် များအသင်းက အသိပေး နှိုးဆော်ထား ကြောင်း သိရသည်။
Jan 14, 2021
“မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့မျိုးဆက်သစ်များအတွက် မေတ္တာနှင့်ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ်သောစိတ်ဓာတ်၊ ထားအပ်သည့် ခံယူချက်၊ မြင့်မြတ်သော တာဝန်များဖြစ်သည်ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်၊ ပိုမိုကောင်းမွန် သောနှစ်သစ်ကို လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန်လည်း အလေးအနက် ဖိတ်ခေါ်လိုပါသည်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
Jan 14, 2021
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည်မှာ လူတစ်ဦးအတွက် လွန်စွာအရေးကြီးသည့် အခြေခံစည်းမျဉ်းဟု ဆိုရပါမည်။ ချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ဒြပ် ကြီးမားခြင်း၊ အောင်မြင်ကျော်ကြားထင်ရှားခြင်း အစရှိသည်တို့ထက် လူတစ်ဦး မြင့်မြတ်မှုကို သူ၏ရိုးသားဖြူစင်မှုဖြင့်သာ တိုင်းတာနိုင်မည်ဟု ယူဆပါသည်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ သီလလုံခြင်းတို့ကသာ လူတစ်ဦး၏ သိက္ခာကို ဖော်ပြနေမည် ဖြစ်ပါသည်။
Jan 13, 2021
နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၆၇) ဦးကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 13, 2021
(၁၂-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၈၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၂၃) ဦး တွေ့ရှိရပါသည်။