Oct 04, 2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့
Oct 04, 2024
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄) ရပ်
Oct 04, 2024
ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သောစပါးခင်းများအား ပြန်လည်ကုစားရန်အတွက် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ထည့်သွင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု မိုးစပါးဧက ၁၀၀ ၌ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်းအတွက် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာတစ်အိတ်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ ဂရမ်နှုန်းတို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။
Oct 04, 2024
တိုင်ဖွန်းမုန်တိုင်း “ရာဂီ”၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်းတာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန် - မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။
Oct 04, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Oct 04, 2024
ပြီးခဲ့သည့်လအတွင်းက တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်သက်ရောက်မှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတစ်ဝန်း၌ ကြီးကြီးမားမား ကြုံတွေ့ခံစားခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပြည်သူများက အလျင်အမြန် တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Oct 04, 2024
အဂတိလိုက်စားမှုများသည် ရှေးကတည်းကပင်ရှိခဲ့သလို အဂတိလိုက်စားမှုများကို ရှေးလူတို့ကလည်း လက်မခံခဲ့ကြသည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာလည်း ရှေးကာလကပင်ရှိခဲ့သည်။ သို့ရာတွင် ခေတ်ကာလသာလျှင် ပြောင်းခဲ့သော်လည်း လူတို့၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ အလိုလောဘများကမပြောင်း။ ကမ္ဘာတစ်ဝန်း၌ သိသိသာသာဆိုးရွားလာသည့် အဂတိလိုက်စားမှုများကို ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။
Oct 03, 2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် အရှည် ၃၂၈ ပေ၊ အကျယ် ၃၀ ပေရှိသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ၁၃၀ ပေခန့် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရသည်။
Oct 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သည့် စကားများပြောကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Oct 03, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 03, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Oct 03, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 03, 2024
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို အောက်တိုဘာလ ၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Oct 03, 2024
မြန်မာနိုင်ငံအနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် အချို့သောဒေသများတွင် ဒေသအလိုက် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
Oct 03, 2024
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့်တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်များသို့သွားရောက်ပြီး ရေဘေးသင့်သူများ နှင့် တွေ့ဆုံအားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
Oct 03, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 03, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်က တင်သားကျေးရွာ၊ ကျောက်ဖူးကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် အရှေ့စီးကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Oct 03, 2024
ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲရှိ မင်းတပ်-မတူပီ ကားလမ်းမကြီးတစ်လျှောက် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 03, 2024
ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပသည်။
Oct 03, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။