Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများအား ပြုပြင်မွမ်းမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ဟိုတယ်အဆောက်အအုံများအား ပြုပြင်မွမ်းမံရာတွင် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက် ရေး၊ ပြင်ဆင်ဆဲအဆောက်အအုံများ၊ အခန်းများအား အမြန်ပြီးစီးအောင်ဆောင်ရွက်ပြီး ခရီးသွားရာသီမတိုင်မီ အဆင်သင့်ဖြစ်စေရေး၊ ဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ရန် ဆွဲဆောင်မှုရှိသော အပြင်အဆင်များဆောင်ရွက်ရေး၊ ဝန်ဆောင်မှုကောင်းများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်များဖြစ်စေရန် ကြိုးပမ်းကြရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်နှင့် အရေးပေါ်ထွက်ပေါက်နေရာပြ ဆိုင်းဘုတ်များ စီစဉ်ထားရှိရေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးစားကြရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၌ ဧည့်သည်များအား ဝန်ဆောင်မှုပေးနေမှု၊ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်ဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိသော အော်ဂဲနစ်စိုက်ခင်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်သုံးစွဲနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်