Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကိုဗစ်-၁၉ စည်းကမ်း နှင့်အညီ လေ့ကျင့်လျက်ရှိသော ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိဝူရှူး အားကစားရုံ၌ ဝူရှူးမြန်မာ့ လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအလေးမအားကစားရုံ၌ မြန်မာ့ လက်ရွေးစင် အလေးမအားကစား သမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိပိုက်ကျော်ခြင်း အားကစား ရုံ၌ ပိုက်ကျော်ခြင်း မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိမြား ပစ်အားကစားကွင်း၌ မြန်မာ့လက်ရွေးစင် မြားပစ်အားကစား သမားများ လေ့ကျင့်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအား နိုင်ငံတော်ကို အားကစားဖြင့် ဂုဏ်သိက္ခာ တိုးတက်မြင့်မားစေရန် အစွမ်းကုန် ကြိုးစားကြစေလိုကြောင်းနှင့် ဆုတံဆိပ်ရရှိနိုင်ရေး ကြိုးစားလေ့ကျင့်စေ လိုကြောင်း၊ မိမိတို့ လုပ်ငန်းတာဝန်ဖြစ်သော အားကစားလေ့ကျင့်မှုကို ဂရုတစိုက် စဉ်ဆက်မပြတ် အောင်မြင်မှု ရရှိရမည်ဟူသော စိတ်အာရုံထားရှိကာ ကြိုးစားလေ့ကျင့်စေလိုကြောင်း၊ လေ့ကျင့်မှုကာလတွင် အားကစားသမား တစ်ဦးချင်းစီ၏ လိုအပ်ချက်မှန်သမျှကို အချိန်နှင့်တစ်ပြေးညီ တင်ပြစေလိုကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိပါက မိမိအောင်မြင်မှုထက် နိုင်ငံတော်အတွက် အောင်မြင်မှု ဟူသော စိတ်ဓာတ်မျိုး ထားရှိလေ့ ကျင့်ရန် လိုအပ်ပါကြောင်း၊ အောင်မြင်မှုရရှိပါက နိုင်ငံတော်မှ ယခင်နှစ်များ ထက် ထိုက်ထိုက်တန်တန်ချီးမြှင့်ရန် စီစဉ်ဆောင်ရွက်ထားရှိပါ ကြောင်း တိုက်တွန်းအား ပေးစကား ပြောကြားသည်။ ထို့နောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ စားရိပ် သာ သို့ရောက်ရှိပြီး လက်ရွေးစင် အားကစားသမားများအတွက် ထောက်ပံ့ကျွေးမွေး စရိတ်ကို ယခင်ထက် တိုးမြှင့်ထားပါကြောင်း၊ လေ့ကျင့်မှု အတွက် ကုန်ခမ်းသွားသော အင်အားများ ပြန်လည်ဖြည့်စွမ်းနိုင်ရေးအတွက် စားရိပ်သာမှ ကျွေးမွေး ထောက်ပံ့ မှုသည် အဓိကကျပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနည်းအလိုက် ကျွေးမွေးရမည့် ကျွေးမွေးမှု အစီအစဉ် ကို သက်ဆိုင်ရာ ဆေးဘက်တာဝန်ခံများ၏ လမ်းညွှန်မှုအတိုင်း ပြည်စုံအောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ (သတင်းစဉ်)