နေပြည်တော် မတ် ၁
ပြန်ကြားရေးဝန်ကြီးဌာနစုပေါင်းခန်းမတွင် ယနေ့ညနေပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က ဦးဆောင်လျက် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြကြောင်း သိရသည်။
ဌာနဆိုင်ရာအကြီးအမှူးများက ဖေဖော်ဝါရီလ လုပ်ငန်းဆောင်ရွက်ချက်၊ သုံးသပ်ချက်များ တင်ပြကြပြီး မတ်လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ တင်ပြဆွေးနွေးကြသည်။ ဒုတိယဝန်ကြီးများက ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန် အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဝန်ကြီး က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စွန်နယ်ဖျားအထိ အင်အားနည်းပါးစွာ ဖြန့်ခွဲတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား ပြည်သူ့ ဝန်ထမ်း ကောင်း များ ပီသစွာ စိတ်ဓာတ်ကောင်းခြင်း၊ စည်းကမ်းကောင်းခြင်း၊ ပြည်သူအတွက် စေတနာ ထက်သန်ခြင်း၊ လုပ်ငန်းဆောင်စွမ်းရည် ထက်မြက်ကြခြင်းနှင့် တစ်ဦးချင်းစီက မိမိတို့နိုင်ငံနှင့် ပြည်သူအတွက် သစ္စာစောင့်သိကြခြင်းများအတွက် အားရကျေနပ်ကြောင်း၊ ဆက်လက်၍လည်း တာဝန်ကျေပွန်ကြစေလိုကြောင်း အားပေးချီးကျူးခဲ့သည်ဟု သိရသည်။
နေပြည်တော်(ပြန်/ဆက်)