Skip to main content

နိုင်ငံတကာ အားကစားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး အတွက် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကြိုတင်ညိှနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ကျင်းပရန် ရပ်နားရွှေ့ဆိုင်းခဲ့ပြီး ပြည်တွင်း အားကစားပြိုင်ပွဲများလည်းကျင်းပ နိုင်ခြင်းမရှိခဲ့ဘဲ ယခု ကိုဗစ်-၁၉ ရောဂါ လျော့နည်း လာပြီး ရောဂါ ကာကွယ်မှု နည်းလမ်းများ ပြုလုပ် နိုင်ပြီဖြစ်သောကြောင့် ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံ တကာအားကစား ပြိုင်ပွဲများ ကိုဗစ်-၁၉ စည်းကမ်း နှင့်အညီ ပြန်လည်ကျင်းပမည်ဖြစ် သောကြောင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရေး၊ ပြည်တွင်း အားကစားပြိုင်ပွဲများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပြန်လည် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိအစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျင်ဆန်းနှင့် ကျော်၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ ကို ကိုဗစ်-၁၉ စည်းကမ်း နှင့်အညီ ပြန်လည်ကျင်းပမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် အတွက် ကြိုတင်ပြင် ဆင်ရမည် ဖြစ်ပါကြောင်း ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ (၆)ကြိမ်မြောက် Asian Beach Games အား တရုတ်နိုင်ငံ ဟိုင်နန် Sanya ကမ်းခြေ၌ အားကစားနည်း ၁၇ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် Dragon Boat အားကစားနည်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း (၃၂) ကြိမ်မြောက် Tokyo Olympic Games 298? အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၆ ရက် အထိ အားကစားနည်း ၃၃ မျိုးဖြင့် ကျင်းပ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ခုနစ်မျိုး ပါဝင် ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သော် လည်း ပြေးခုန် ပစ်နှင့် ကြက်တောင် အားကစားနည်း နှစ်မျိုးကို လတ်တလောယှဉ်ပြိုင်ခွင့် ရရှိထား ကြောင်း။ လက်ခံကျင်းပသွားမည် (၃၁) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ အားကစားနည်း ၄ဝ ဖြင့် လက်ခံ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ အားကစားနည်း ၁၈ မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက် ရှိပါကြောင်း၊ နှစ်ပတ်အကြာ မသန်စွမ်း အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကိုလည်း ဗီယမ်နမ်နိုင်ငံမှ အားကစား နည်း ၁၁ မျိုး လက်ခံကျင်းပပြီး ကိုးမျိုး | ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက် ရှိပါကြောင်း၊ တတိယကြိမ်မြောက် အာရှလူငယ် အားကစားပြိုင်ပွဲ (Asian Youth Games) o တရုတ်နိုင်ငံ Shan Tou မြို့၌ နိုဝင် ဘာ ၂ဝ ရက်မှ ၂၈ ရက်အထိ အားကစားနည်း ၁၈မျိုး လက်ခံ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ကိုးမျိုး ပါဝင် ယှဉ်ပြိုင်ရန် လျာထားလျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် အတွင်း နိုင်ငံတကာ အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင်ထားရှိရမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ခြင်း ဖြစ်ပါကြောင်း။ ထို့ကြောင့်ပြည်တွင်းအားကစား ပြိုင်ပွဲများ ပြန်လည်ကျင်းပရန်နှင့် မြန်မာ့သိုင်း အားကစားနည်းကို နိုင်ငံတော်အားကစားနည်းအဖြစ် လေ့ကျင့် ဆောင်ရွက်သွားရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပ သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)၌ လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့သိုင်း ပြိုင်ပွဲများအား နှစ်စဉ် အားကစား ပြက္ခဒိန် ရေးဆွဲကျင်းပခဲ့ပြီးဖြစ် သော်လည်း ယခုအခါ မြန်မာ့သိုင်း ပြိုင်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရုံသာမက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် လည်း မြန်မာ့သိုင်းအားကစား နည်းကို ထည့်သွင်းသင်ကြား လေ့ကျင့် ဆောင်ရွက်ပေးရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လောလောဆယ် ဒေသတွင်း အားကစားပြိုင်ပွဲများကို နိုင်ငံ တော်မှ ချမှတ်ထားသည့် ကိုဗစ်၁၉ စည်းကမ်းနှင့်အညီ ထည့်သွင်း စဉ်းစားပြီး ပြိုင်ပွဲများ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် စဉ်းစား ချင့်ချိန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အနေဖြင့် ယခုချက်ချင်း ကျင်းပ ဆောင်ရွက်ရန် အတွက်လည်း မလွယ်ကူသောကြောင့် ဒေသတွင်း ကိုဗစ်- ၁၉ အခြေအနေ၊ ဒေသ တွင်း အခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်သော သက်ဆိုင်ရာ အားကစားနည်းများကိုသာ ထည့် သွင်းကျင်းပပေးရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသော တိုင်း ဒေသကြီးနှင့် ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူး များက တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်၊ ခရိုင် အားကစားပြိုင်ပွဲများ ကျင်းပ၍ ဒေသတွင်းအားကစား ဆပ်ကော်မတီများနှင့် စီစဉ် ဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ ပါဝင်ယ်ပြိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နွေရာသီ အားကစားသင်တန်းများ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုများကို တင်ပြကြသည်။ ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့် ဦးက ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေး မှူးများက နိုင်ငံတကာ အားကစားပြိုင်ပွဲများ အောင်မြင် စွာပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဒေသ တွင်း အားကစား ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင် ရေး၊ နွေရာသီအားကစားသင်တန်း များ ဖွင့်လှစ်နိုင်ရေး အတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပြန်လည် ဆွေးနွေး၍ အားကစားလုပ်ငန်းများ ရည်မှန်း ချက်အတိုင်းဆောင်ရွက်နိုင်ရေး အတည်ပြုပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်