Skip to main content

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲ လျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၄

          ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခု၊ နှောင်းတန်ခူး လဆန်း ၂ ရက်နေ့၊ မဟာသင်္ကြန်အကြိုနေ့နှင့် ယနေ့အကျနေ့တို့တွင်  မြန်မာ့ရိုးရာအစဉ် အလာတစ်ခုဖြစ်သည့် မဟာ သင်္ကြန်ပွဲတော်ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအက အဖွဲ့များနှင့် ဒေသခံပြည်သူများက ပျော်ရွှင် စည်ကားသိုက်မြိုက်စွာဖြင့် အတာရေသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

 


          ထိုသို့ ဆင်နွှဲလျက်ရှိရာတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တပ်ရင်း/တပ်ဖွဲ့များ မှ ယိမ်းအဖွဲ့များက စုပေါင်းညီညာစွာ ကပြဖျော်ဖြေခြင်း၊ ကပြဖျော်ဖြေကြသည့် ယိမ်းအဖွဲ့ များကို သပြေခက်ဖြင့် အတာရေသင်္ကြန်ပက်ဖျန်းခြင်း၊ ပျော်ရွှင်စွာရေကစားလျက်ရှိကြ သည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများအား စတုဒိသာများ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်