နေပြည်တော်၊ ဧပြီ - ၁၄
ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန် ထမ်းများ အား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဦးထွန်းမြင့် ၏ နေအိမ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အေပြီ ၃ ရက်တွင် အမှုဖွင့်လှစ်ထားရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ဇော်သူရိန်ထွန်း(ဘ)ဦးထွန်းမြင့် နှင့် ဇနီးဖြစ်သူ ဒေါ်သူဇာဝင်း(ဘ)ဦးသောင်းဟန် တို့ကို နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်