Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော်နာယူခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း ဒေါက်တာ အောင်ကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း / အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပျဉ်းမနားကိုးခန်းကြီး ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ သာသနဓဇ ဓမ္မာစရိယ ဝိနယ ဝိဒူဘဒ္ဒန္တ အာစိန္တ ထံမှ ငါးပါးသီလခံယူကာ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူသည်။ ယင်းနောက် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေ၍ သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)