Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန မိသားစုတို့၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၁၇ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန မိသားစုတို့၏ မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်း အနားကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန အကြီးအကဲများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြရာ အခမ်းအနားတက်ရောက်သူများက နာယူ ကြည်ညိုကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)