Jul 15, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။
Jul 15, 2021
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jul 15, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၂/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
Jul 15, 2021
(ယမန်နေ့မှ အဆက်) ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၇/၂၀၂၁)သို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာသမား အားလုံးကို မင်္ဂလာပါဟု ဦးစွာနှုတ်ခွန်းဆက်ပါကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ မဲဆန္ဒရှင်စာရင်းများ စိစစ်ထုတ်ပြန် ပြီးစီးမှုအခြေအနေ၊ ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်း စစ်ဆေး ထုတ်ပြန်ပြီးစီးမှုအခြေအနေနှင့် တွေ့ရှိရသည့် ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက် ချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ ဖြစ်ပါကြောင်း။
Jul 15, 2021
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၅ စီး၊ သွင်းကုန် ၁၅ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၄၃ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။
Jul 15, 2021
မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ထွန်းထွန်းလင်း မောင်းနှင်လာသည့် မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆,၂၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
Jul 15, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jul 15, 2021
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူ ပစ္စည်းများ လိုက်လံဝေငှခြင်းဆောင်ရွက်နေသည့် တာဝန်သိ ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့ စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Jul 15, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာများထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက် အင်းလေးကန်အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများ ပေါ်သို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။