နေပြည်တော် ဇူလိုင် ၁၄
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၅ စီး၊ သွင်းကုန် ၁၅ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၄၃ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သောကုန်ပစ္စည်းများအား စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၁ ဒသမ ၅၀၀) တန်ဖိုးရှိ တရားဝင် စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော နှစ်ယောက်အိပ်မွေ့ရာ (Spull) (10 U) အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်