၁။ COVID-19 ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID -19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ် ထားပါသည် -
(က) COVID -19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေ စာရင်းအမှတ် EDC 600012)။
၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ် ၃၃၈ဘီလီယံခန့်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
(ခ) COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာငွေစာရင်းအမှတ် OA 013733)။
၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ကို ထည့်သွင်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ CoVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့် နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့်အခြား ပြည်တွင်း ပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်းအမှတ်များကို ဖော်ပြ လှူဒါန်းနိုင်ပါသည်။
၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်။ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများထည့်သွင်းပြီးပါက email: treasury05@ 365mopf.gov.mm,treasury10@365mopf.gov.mm သို့ အလှူငွေ ပေးသွင်းထားသည့် အထောက်အထား များကို ပေးပို့စေလိုပါသည်။ ။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင်ပါသည်။
ညွှန်ကြားရေးမှူးချုပ် - ၀၆၇-၃၄၁၀၁၅၆
ငွေတိုက်ဦးစီးဌာန - ၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ် - ၀၆၇-၃၄၁၀၁၅၈
ငွေတိုက်ဦးစီးဌာန - ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန