Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ရှမ်းပြည်နယ်လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့် လုပ်ငန်းကော်မတီ သို့ 40 Liter Oxygen အိုးများ လှူဒါန်း

နေပြည်တော် ဇူလိုင် ၃၁

ကွမ်းလုံတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Yunan Sunny Road & Bridge Co.,Ltd မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန သို့ ပေးအပ်လှူဒါန်း သည့်  40 Liter Oxygen အိုး အလုံး(၅၀) နှင့် Flow Meter (၁၅)ခု ကို ဇူလိုင် ၂၇ ရက်တွင် ချင်းရွှေဟော်နယ်စပ်ဂိတ်၌ လက်ခံရရှိခဲ့သည်။

အဆိုပါ လက်ခံရရှိခဲ့သော 40 Liter Oxygen အိုး အလုံး(၅၀) မှ (၂၅)လုံးကို လားရှိုးခရိုင်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ် တားဆီးကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၂၈ ရက်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာနမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)