နေပြည်တော် ဩဂုတ် ၇
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ယနေ့တွင် အသိပေးကြေညာထားသည်။
သီးသန့်ထပ်မံကြေညာသွားမည်
အဆိုပါစာတွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ် ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်း အဆိုပြု လွှာများ တင်သွင်းနိုင်ရန် ဇူလိုင် ၁ ရက်က နိုင်ငံပိုင် သတင်းစာများတွင် ဖိတ်ခေါ်ထား ရှိခဲ့ပြီး အဆိုပြုလွှာများကို ဇူလိုင် ၃၀ ရက်အတွင်း ပြန်လည်တင်သွင်းရန် သတ်မှတ်ခဲ့ကြောင်း၊ ရွေး ကောက်တင်မြှောက်ခံမည့် ကောင်စီဝင်လောင်း 'အမည်စာရင်းအား သီးသန့်ထပ်မံ ကြေညာ သွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ကျင်းပသွားမည်
ထို့ပြင် သတင်းမီဒီယာနည်းဥပဒေများ ၉၊ နည်းဥပဒေခွဲ(က) (ခ)အရ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ် စုဝေးခန်းမ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အသိ ပေးကြေညာအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
သတင်းစဉ်