Skip to main content

Dec 26, 2024

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဒီဇင်ဘာ ၂၄ ရက်က မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် သန်းစိုးအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မမေဇင်ဝင်းမောင်းနှင်ပြီး မသက်သက်မာလိုက်ပါလာသည့် ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၂၀ နှင့် ဘိန်းစိမ်း ၁ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု ဟိုတင်ကျေးရွာအနီးတွင် ကျော်စွာဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်သည် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ MRCCI ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် စာပြန်သံဃာတော်(၇၇)ပါးတို့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိပါလ မြင်းခြံဆရာတော်ကြီးအမှူးပြုသော ပညာရေးအဖွဲ့ငယ်ဆရာတော်ငါးပါးတို့က ကြွရောက်ချီးမြှောက်အားပေးခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော တပ်မတော်(ရေ)သည် (၇၇)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များအား တပ်တော်ဝင်ခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2024

မိမိတို့နိုင်ငံတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ၉၂ ရာခိုင်နှုန်းခန့် စာတတ်မြောက်ကြရာ ယေဘုယျအားဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် အများစုမှာ မူလတန်းအဆင့်သာဖြစ်ပြီး ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်ရာ ဤအခြေအနေသည် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာပင်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်တွင် တာဝန်ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များအတွင်း တန်ဖိုးမြှင့်လူသားအရင်းအမြစ် ချို့တဲ့မည်ဆိုပါက နိုင်ငံကို ကောင်းမွန်အောင်၊ မြင့်မားအောင်တည်ဆောက်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်သူများ လက်ကိုင်ဖုန်းအသုံးပြု၍ နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်ဈေးနှုန်းများဖြင့် လိုအပ်သလောက် ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန်အတွက် MPTA FM အမည်ရှိ Software Application တစ်ခုကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ToT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဌာနအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဂုဏ်ပြုပွဲနှင့်ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာငါးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 25, 2024

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်