Dec 29, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ် ဦးစီးပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတတိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေး အခြေအနေများနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Dec 29, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အဖွင့်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် အဘိသန္နဗိမာန်တော်၌ကျင်းပရာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
Dec 29, 2024
လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟို သင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။
Dec 29, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒ ဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင် ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Dec 29, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ကြသည်၊၊
Dec 29, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန်ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမားအဖွဲ့ဝင်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းရန် ပြင်ဆင်ထားသူများနှင့်တွေ့ဆုံသည်။
Dec 29, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄/၂၀၂၄ ကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာဝန်ကြီးဌာန (CPU) ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 29, 2024
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Dec 29, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ အဋ္ဌမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများတက်ရောက်ကြသည်။
Dec 29, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅၊ မိုးစွေသို့သွားရောက်၍ မြန်မာနိုင်ငံသစ်တော ကျောင်းအမှတ်စဉ် ၁၁၈ မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
Dec 29, 2024
(၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုခေါင်းစဉ်ဖြင့် ကျင်းပသည်။
Dec 29, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ရှိ လမ်းနှင့်တံတားလုပ်ငန်းများ ထိန်းသိမ် ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးသည်။
Dec 29, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညပိုင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုအစီအစဉ်အဖြစ်“သံစဉ်ဝေဖြာ မနောအလှကဗျာ” Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲ ရိုက်ကူးထုတ်လွှင့်နေမှုကို ကြည့်ရှုအားပေးသည်။
Dec 29, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု အားပေးသည်။
Dec 29, 2024
တီဘီရောဂါဆိုသည်မှာ Mycobacterium Tuberculosis ခေါ် ဘက်တီးရီးယားပိုးကူးစက်ခံရပြီး အဆုတ်တစ်သျှူးများပျက်စီးခြင်းကြောင့် ခံစားရသည့်ရောဂါဖြစ်သည်။ တီဘီသည် လူ့အသက်ကို အန္တရာယ်ပြုနိုင်သည့်ကူးစက်ရောဂါများတွင် ဒုတိယမြောက် အန္တရာယ်အကြီးဆုံးရောဂါလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘာပေါ်တွင် လူဦးရေ ၁၀ ဒသမ ၈ သန်းခန့် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တီဘီကင်းစင်ရေး မဟာဗျူဟာအရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားကြရမည်ဖြစ်သည်။
Dec 29, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော် စုစည်းနေထိုင်သောနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် နှစ်ပေါင်းထောင်ချီ ရှည်ကြာသောကာလများအတွင်း မရှိအတူရှိအတူ၊ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ခဲ့ကြသည်။ နိုင်ငံတော်နှင့်အတူလက်တွဲပြီး ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို စုပေါင်းကာကွယ်တွန်းလှန်ခဲ့ကြပြီး ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခဲ့ကြသည်။
Dec 29, 2024
မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ငွေကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပေးအပ်လှူဒါန်းသည်။
Dec 28, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
Dec 28, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 28, 2024
အလုပ်သမားဝန်ကြီးဌာန ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးတက်ရောက်ကြသည်။
