နေပြည်တော် စက်တင်ဘာ ၂၂
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား”အစီအစဉ်မှ “လူအခွင့်အရေးအတွက်၊ ဒီမိုကရေစီအတွက်လုပ်နေပါတယ်ဆိုသော အကြမ်းဖက် PDF များ အင်အားနည်းလာပြီဖြစ်သောကြောင့် အသက်မပြည့်သေးသော စာသင်အရွယ်ကလေးငယ်များကို ခြိမ်းခြောက်၍ အတင်းအဓမ္မလူသစ်စုနေ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဒလန်စွပ်စွဲလူသတ်နှိပ်စက်နေတဲ့ TNLA ၊ PDF အကြမ်းဖက်တွေရဲ့လက်အောက်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်များစတေးခံနေရ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်