Skip to main content

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျပြီး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် တောင်ကြီး မြို့နယ်၊ တောင်ကြီး-ရွှေညောင်သွားကားလမ်း၌ လမ်းရှင်းလင်းရေးလုပ် ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၈
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကြီး-ရွှေညောင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၁၂ / ၂ )တွင် သစ်ပင်ကြီး များလဲ ကျခဲ့ပြီး မိုင်တိုင်အမှတ် (၁၁၁/ ၅)တွင် တောင်ကမ်းပါးယံရှိ မြေကြီးများပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့ခြင်း များ ဖြစ်ပေါ်ခဲ့သည်။
 
အဆိုပါ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာန မှ တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ ပိတ်ဆို့နေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျခဲ့သော မြေသားများအား ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သဖြင့် အများပြည်သူများ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်