Skip to main content

အာဆီယံ - ကိုရီးယား ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးဆိုင်ရာ အာဆီယံ - ကိုရီးယား ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၀

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ - ကိုရီးယားဗဟိုဌာနနှင့် ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းက “Rebooting Digital Marketing for Tourism” ခေါင်းစဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် Online Live Streaming စနစ်ဖြင့် ကျင်းပသည့် အာဆီယံ- ကိုရီးယား ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ (Seminar on ASEAN-Korea Tourism  2021)ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆွေးနွေးပွဲကို အာဆီယံနှင့် ကိုရီးယားနိုင်ငံများ အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများနှင့် နယ်ပယ်လမ်းကြောင်းများကို ဒစ်ဂျစ်တယ်နည်းပညာများနှင့် ဆက်စပ်ပြီး နောက်ဆုံးရ သတင်းအချက် အလက်များမျှဝေခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေး မဟာဗျူဟာများ အပေါ်အခြေခံပြီး သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ အာဆီယံကိုရီးယား ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးဆိုင်ရာ နည်းလမ်းများရှာဖွေခြင်းနှင့် ပုဂ္ဂလိကခရီးသွား လုပ်ငန်းတွင် ပါဝင်သူများအတွက် ကွန်ရက်တစ်ခုဖန်တီးခြင်း၊ စီးပွားရေး အခွင့်အလမ်း အသစ်များ ရှာဖွေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ပြီး အာဆီယံနှင့် ကိုရီးယားနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ကမ္ဘာတစ်လွှားရှိ ခရီးသွားလုပ်ငန်း စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်