နေပြည်တော် စက်တင်ဘာ ၁၀
Coronavirus Disease 2019 (COVID-19) copolကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ သို့ အလှူငွေနှင့် Oxygen Concentratorများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန covID-19 Central Command Center တွင် ကျင်းပသည်။
အခမ်းအနားတွင် အလှူငွေများအား လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး Oxygen Concentrator များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ Bhone Pyae San (BPS Trading & Construction Co., Ltd ) ဒေါက်တာ ညီညီထွန်းက ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းများက အလှူငွေကျပ်သိန်း ၃ဝနှင့် ဒေါက်တာ ညီညီထွန်း+ ဒေါ်ဖြူသက်ခိုင် Bhone Pyae San(BPS Trading & Construction Co., Ltd ) မိသားစုမှ MICITECH 10 L Oxygen Concentrator ၁၀ လုံးအား ပေးအပ်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အလှူငွေကျပ်သိန်း ၃၀ နှင့် Oxygen Concentrator များ ပေးအပ်လှူဒါန်းခြင်းအတွက် Oxygen ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်