Sep 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့ ဆက်လက် တက်ရောက် စိစစ်ရွေးချယ်သည်။
Sep 15, 2021
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
Sep 15, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်သည်။ ရက်အလိုက်စောင့်ကြည့်မှုအရ စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှုမှာ ၁၀ ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှုရာခိုင်နှုန်း ထက်ဝက်ကျဆင်းရေး ရည်မှန်းကာ မျက်ခြည်မပြတ်အလေးထား၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ခဲ့သောကြောင့် တိုးတက်မှုများ ရရှိနေသည်။
Sep 15, 2021
နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသူအိမ်ရှင်များ သတိပြုနိုင်စေရေးအတွက် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် နေ့စဉ် ထုတ်လွှင့် ဖော်ပြလျက်ရှိသည်။ မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများကို လာရောက်ငှားရမ်း နေထိုင်သူများသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများ ဖြစ်နေပါက အိမ်ရှင်များမှာလည်း မလွှဲသာမရှောင်သာ တာဝန်ရှိ နေမည်ဖြစ်ကြောင်းကို အဆိုပါအသိပေးထုတ်ပြန်ချက်အရ သတိပြုမိကြရန်နှင့် ဤသို့ မဖြစ်စေရန်အတွက် အိမ်ရှင်များ ဆောင်ရွက်ရမည့် တာဝန်များကို အသိပေးထားခြင်းဖြစ်သည်။
Sep 15, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဒိုးကွင်ဥယျာဉ်ခြံသို့ ရောက်ရှိကြပြီး ဆေးဖက်ဝင်သစ်ခွများ မျိုးထိန်းမျိုးပွား ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ် ကွက်များ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် စိုက်ပျိုးနည်းစနစ် ပြန့်ပွားဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။
Sep 14, 2021
ပဲခူးတိုင်းဒေသကြီးအတွင်း နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိရေးနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊
Sep 14, 2021
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အဝင် ဆိုင်းဘုတ်အနီး
Sep 14, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာနက တည်ထောင်ထားသော ဒိုးကွင်အမြဲတမ်းပျိုးဥယျာဉ်နှင့် သစ်ခွခြံသို့ ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်ဒေသ စိမ်းလန်း စိုပြည်သာယာ လှပစေရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအား စနစ်တကျ ထိန်းသိမ်း ရေး၊ ပျိုးဥယျာဉ်များတွင် ချယ်ရီနှင့် ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ စနစ်တကျ ပြုစု ပျိုးထောင်သွားရန်၊ လာမည့်မိုးရာသီတွင် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ သဘာဝတောအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်နှင့် ပျိုးဥယျာဉ်အတွင်း ဝင်ဆံ့နိုင်သည့် ပျိုးပင် ၂ သိန်း ပြည့်မှီအောင် ပျိုးထောင်ဆောင်ရွက်သွားရန် မှာကြားသည်။
Sep 14, 2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ပေပင်အုပ်စု၊ ညောင်ပေါ ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ စိုးမိုးအိုင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ညောင်နီကျေးရွာ၊ စိန်ဒေါင်းလေး ကော်ဖီခြံနှင့် ရထားလုံး သဘာဝကော်ဖီ ထုတ်လုပ်မှုလုပ်ငန်းသို့လည်းကောင်း၊ ပင်တီးကျေးရွာ ဂါလံ (၂၄၀၀) ဆံ့၊ ရေစင်နှင့် (၁၀’x၈’ x၈’) ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထား၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြား သည်။
Sep 14, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Mekong Institute တို့ပူးပေါင်းကျင်းပ သည့် “National Workshop on Promoting School-Industry Partnership” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် zoom meeting platform အသုံးပြု၍ Online စနစ်ဖြင့် ကျင်းပသည်။