Skip to main content

Sep 15, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး‌ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီကျွမ်းကျင်ပညာရှင် များနှင့်အတူ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၂၃) ၁/၁၉၈၅ စီးပွားရေးထင်းရှူးစိုက်ခင်း အတွင်းရှိ သစ်တောဦးစီးဌာနက စမ်းသပ်စိုက်ပျိုးထားသော ကော်ဖီ(၅)ဧက၏ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေနှင့် အလားလာကောင်းများရှိနိုင်မှု အခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

(၂၃)ကြိမ်မြောက် အာဆီယံငွေပေးချေမှုစနစ်ဆိုင်ရာ လုပ်ငန်းကော်မတီ (Working Committee On Payment and Settlement System – WCPSS) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရေးနှင့် စံချိန်စံညွှန်းပြည့်မီ သည့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက ထောက်ပံ့အားပေးလျက်ရှိကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်အစားထိုး နိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ အားထုတ်ကြိုးပမ်းကြစေ လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်း သမဝါယမ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ(39th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို ကုစားမှုများပေးနိုင်ရေးအတွက် ဟိုတယ်များတွင် ကိုဗစ်-၁၉ လုပ်ငန်း လမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင် မီဒီယာများနှင့် လူမှုကွန်ယက်မီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံရိုက်ကူးရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် Elite Technology မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 15, 2021

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ (၁၃)ကီလို မီတာ ပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် လုတ်ယိန်း မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၅ ကီလိုကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်