Sep 17, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
Sep 17, 2021
ထိုင်းနိုင်ငံတွင် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Air Chiefs Conference ကို ထိုင်းနိုင်ငံတွင် Video Tele-Conference - VTC ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Sep 17, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ် မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ
Sep 17, 2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝေါမြို့နယ် ဧကရာဇ်-နောင်ပတ္တရာ-သဘာ့ကန် ကျေးလက် လမ်း (၁) မိုင်(၃ ဒသမ ၈၈)ဖာလုံ ကွန်ကရစ်လမ်းခင်း နေမှုကိုလည်းကောင်း၊ ကျိုက်လှကျေးရွာရှိ အထွက် ကောင်းစပါး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းတွင် မတူညီစပါးမျိုးကွဲ
Sep 17, 2021
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား ပြန်လည်စိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 17, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Sep 17, 2021
ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုများ လွယ်ကူ လျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိသည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး တာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိ သည်။
Sep 17, 2021
စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ်ယာဉ် လုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား ကိုးနာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ည ၇ နာရီက ကျင်းပသည်။
Sep 17, 2021
CRPH နှင့် NUG တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။ CRPH နှင့် NUG တို့သည် PDF များအား မြှောက်ပင့်သွေးထိုးပေးပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်စေလျက် ရှိသည်။ လူငယ်များအား EAO များနှင့် ချိတ်ဆက်ပေးပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် ပြုလုပ်ပေးသည်။ ငွေကြေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသည်။