Jan 12, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Jan 12, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Jan 12, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၀ ရက်က ဈေးကွက်လိုအပ်ချက်အရ ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ Two Rivers Company Limited သို့ရောက်ရှိ ပြီး ငါး၊ ပုဇွန် ပြုပြင်အေးခဲထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံက အရည်အသွေးမြင့် ငါး၊ ပုဇွန် ပြုပြင်အေးခဲ၍ SAUDI, CHINA, DUBAI, UAE,VIETNAM, OMAN, DOHA QATAR နိုင်ငံများသို့ တင်ပို့နေမှုနှင့် MSL Industries Co., Ltd. ဒိန်းမတ်နိုင်ငံမှ အဆင့်မြင့်အေးခဲခြင်းနည်းပညာဖြင့် SAUDI, CHINA, KOREA, MALAYSIA, INDIA နိုင်ငံများသို့ တင်ပို့နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
Jan 12, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော်ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Jan 12, 2025
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကချင်ပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပသည်။
Jan 12, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
Jan 12, 2025
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည် ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိရာ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုသည်။
Jan 12, 2025
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် သဘာဝသယံဇာတတွင်းထွက်ပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲမဖြူ၊ အဖြိုက်နက်၊ ခဲ၊ သွပ်၊ သံ၊ သံမဏိ၊ ကြေးနီစသည့်ပစ္စည်းများအပြင် ရေနံထွက်ပစ္စည်းအမျိုးမျိုးထွက်ရှိသည်။ အချို့ဒေသများတွင် စိန်၊ ရွှေ၊ ငွေကဲ့သို့ အဖိုးတန်ရတနာများလည်း တွေ့ရတတ်သည်။ ထို့ကြောင့် လွန်လေပြီးသောရှေးကာလက ဥရောပမှ ကိုလိုနီနိုင်ငံများက မြန်မာနိုင်ငံကိုမက်မောပြီး ဝင်ရောက်စွက်ဖက်ကျူးကျော် နယ်ချဲ့ခဲ့ကြသည်။
Jan 12, 2025
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှထုတ်ယူရန် နိုင်ငံတော်ကအားပေးလျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှာ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ဒီရေစွမ်းအားစသည်တို့ဖြစ်ပြီး မြေအောက်မှတူးဖော်ရရှိသည့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကဲ့သို့ ကုန်ခန်းသွားနိုင်သည့် ရုပ်ကြွင်းလောင်စာအရင်းအမြစ်များနှင့် ခြားနားစွာပင် ထာဝရကုန်ခန်းခြင်းမရှိသည့် စွမ်းအင်အရင်းအမြစ်များပင်ဖြစ်သည်။
Jan 11, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 11, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး(FGPT)ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ အငြိမ်းစား ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 11, 2025
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့်ကျေးရွာများမှ အများပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ချောက်မြို့တွင် ဉာဏ်တော်အမြင့် ၈၁ ပေရှိ စွယ်တော်မြတ်စေတီပုံစံတူ တည်ထားကိုးကွယ်မည့် အခြေ အနေကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့သွားရောက်ကြည့်ရှုသည်။
Jan 11, 2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းဖြေဆိုသူ ၅၀၀၀ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်မှုနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 11, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးသည်။
Jan 11, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ကော်ဖီစိုက်လုပ်ငန်းရှင်များ၊ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားသည်။
Jan 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည့် Myanmar – Belarus Business Forum သို့ တက်ရောက်အားပေးသည်။
Jan 11, 2025
မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
Jan 11, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Jan 11, 2025
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Jan 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ၊ စည်သူ ဦးသန်းထွန်းဦးသည် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို အဝေးရောက် လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ သွားရောက်ပြီး လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
