Jan 15, 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံဖြစ်တည်မှု ပထဝီမြေအနေအထားအရ နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို တစိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့သည်။
Jan 15, 2025
ဥပဒေဆိုသည်မှာ အများပြည်သူတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြဋ္ဌာန်းထားသည့်စည်းမျဉ်းဟူ၍ ဖွင့်ဆိုထားသည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် မတူသည့်အချက်မှာ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်မှု၊ ဖောက်ဖျက်ကျူးလွန်မှုတို့အတွက် ပြစ်ဒဏ်များ ပါရှိနေခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို နိုင်ငံသူ နိုင်ငံသားအားလုံးတို့သာမက ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်းရောက်ရှိနေကြသည့် နိုင်ငံသားမဟုတ်သူများပါ လေးစားလိုက်နာကြရသည်။
Jan 14, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၂) ရေတပ်ဆိပ်ခံတံတား (သန်လျင်) မှလည်းကောင်း အသီးသီးထွက်ခွာကြရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Jan 14, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
Jan 14, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာရှိ PNPT ကလေးအားကစားကွင်းအနီး ယာခင်းလူသွားလမ်းပေါ်တွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ) မှာ ပါးစပ်အတွင်း ကျွန်းရွက်ခြောက်များ ဆို့သွင်းထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့အား အင်္ကျီ/ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်လျက် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခန္ဒာကိုယ်၌ ပွန်းခြစ်ဒဏ်ရာများ၊ ဝဲဘက်နားသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ရွာကောက်နယ်မြေရဲစခန်း (ပ) ၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။
Jan 14, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။
Jan 14, 2025
ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဘွိုင်လာသင်တန်းခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual ဖြင့် တက်ရောက်သည်။
Jan 14, 2025
ပူတာအိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုမြို့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် ပူတာအိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့်စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
Jan 14, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Jan 14, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်ပြီး ယဉ်ကျေးမှုဖလှယ်ပွဲ အထိမ်းအမှတ်ဖွင့်လှစ်ထားသည့် ဘာသာစကားဌာနအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
Jan 14, 2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တောကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jan 14, 2025
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကျင်းပမည်
Jan 14, 2025
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Jan 14, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
Jan 14, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီခွဲအချိန် သတင်းအရ တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအနီး၌ တောင်ကြီးမှအောင်ပန်းဘက်သို့ ဟန်လင်းကျော်မောင်းနှင်ပြီး မယွန်းသီရိကျော်လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားလေးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ ဇန်နဝါရီ ၅ ရက်နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင် (ခ) ထက်အောင် မောင်းနှင်ပြီး သန်းထွန်းနှင့် ကျော်ဝင်း (ခ) ဘလိတို့ လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားသုံးသိန်း ဖမ်းဆီးရမိခဲ့သည်။
Jan 14, 2025
“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို “ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ဟူသော ဆောင်ပုဒ်နှင့် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပမည်ဖြစ်သည်။
Jan 14, 2025
ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 14, 2025
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖော်ထုတ်ရရှိသော စပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ထုတ်ကုမ္ပဏီများကရွေးချယ်၍ စီးပွားဖြစ်မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် အလားအလာကောင်းသည့် စပ်မျိုးပြောင်းမျိုးသစ်များ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမနှင့် နှံစားသီးနှံသုတေသနဌာနစု စိုက်ကွင်းတို့၌ ကျင်းပသည်။
Jan 14, 2025
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်နှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Jan 14, 2025
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ကုသိုလ်တော်ဆည်းပူးခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးလိုဏ်တော်အတွင်း၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
