နေပြည်တော် နိုဝင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘန်ကောက်မြို့အခြေစိုက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာရုံးညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြန်အလှန်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ Global Fund နှင့် Access to Health Fund ကျန်းမာရေး ရန်ပုံငွေအဖွဲ့များက ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါကာကွယ်ကုသရေးဆေးဝါးများပြတ်လပ်မှုမရှိအောင်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ UNOPS ရုံးမှ ဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
