Skip to main content

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၅ခုနှစ်)(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၅

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၅ ခုနှစ်)(မူကြမ်း)နှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့   ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းဦးဆောင်သောတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစားပေးပြင်ဆင်လိုသည့်ဥပဒေများ စိစစ်တင်ပြရန်လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့ ပထမဦးစားပေးအနေဖြင့် ပြင်ဆင်ရန်တင်ပြသည့်ဥပဒေများစာရင်းတွင် ယခုဥပဒေ(မူကြမ်း)ပါရှိပြီး ဤရုံး၏အပြီးသတ်ညှိနှိုင်းဆွေးနွေးရန်အကြောင်းကြားချက်အရ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်ရန်ထောက်ခံတင်ပြလာသဖြင့်  ယင်းဥပဒေ(မူကြမ်း)အပေါ်  အပြီးသတ်ဆွေးနွေးညှိနှိုင်းပြီး သက်ဆိုင်ရာသို့ ဆက်လက်တင်ပြရန်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်