Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၅

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သမ္မတ၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ရုရှားအရှေ့ဖျားဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ယူရီထရုနှဗ်၏ ဖိတ်ကြား ချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့မြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၆)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 6th Eastern Economic Forum) တက်ရောက်ခဲ့သည်။

တက်ရောက်

ဖိုရမ်၏ ပထမနေ့ဖြစ်သော စက်တင်ဘာ ၂ ရက် တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် RussiaASEAN Business Dialogue သို့ တက်ရောက်ခဲ့သည်။

အဆိုပါ Business Dialogue ၌ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ် နှင့် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ဘရူနိုင်း၊ ဗီယက်နမ်၊ ရုရှားဖက်ဒရေးရှင်း၊ ဖိလစ်ပိုင်၊ မြန်မာနှင့် စင်ကာပူနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင် အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဦးတည်ဆွေးနွေး

Russia-ASEAN Business Dialogues အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အလုံးစုံ ပူးပေါင်း ဆောင်ရွက်မှုသည် ရုရှားနိုင်ငံ၏ ဦးစားပေးနိုင်ငံခြား ရေးမူဝါဒတစ်ခုဖြစ်ရာ ရုရှားနှင့် အာဆီယံနိုင်ငံများ အကြား စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်ခြင်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် ရေးနှင့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာရေးတို့ကို ဦးတည်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များက online ဖြင့်လည်းကောင်း ကိုယ်တိုင်သော် လည်းကောင်း တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပြည်နယ်များပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှားအာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့အား သီးခြားတွေ့ဆုံ၍ ရုရှား မြန်မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့်အခြား အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ကဏ္ဍ၊ ရော်ဘာ အခြေခံစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ၌ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးတက်စေရေး အတွက် နှစ်နိုင်ငံအစိုးရများအကြား ရှေ့ဆက်၍ ကူညီပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့် အလမ်းများကို ဆွေးနွေးကြရာ ရုရှားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ ဝယ်ယူ တင်သွင်းခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်ခြင်း၊ ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃ရက်တွင် ဖိုရမ်၏မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ရုရှားတီဗီချန်နယ်မှ မစ္စတာ ဆာဂေးဘရီလဗ်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင် စွမ်းအားတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေး နည်းပညာအသုံးပြု အဆင့်မြှင့်တင်၍ ကုန်စည် သင်္ဘောများ ချိတ်ဆက်သွားလာနိုင်မည့် ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှု အခြေ အနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ် လမ်းကြောင်းတစ်ခုဖြစ်ပေါ် လာရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ရှင်းလင်းဆွေးနွေး

ထို့နောက်မွန်ဂိုလီးယားသမ္မတမစ္စတာဥခနိုင်ဝင် ခုရာဆွတ်နှင့် ကာဇက်စတန်သမ္မတ မစ္စတာ ဂျိုမတ်တော့ ခရဗ်တို့က online ဖြင့်လည်းကောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုချန်အိုချာတို့က ဗီဒီယိုမက်ဆေ့ဖြင့်လည်းကောင်း နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး အရှေ့ဖျားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့သည် ဖိုရမ်အားတာဝန်ယူကျင်းပသည့် Roscongress Foundation မှ တာဝန်ရှိသူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဖိုရမ်တွင် ခင်းကျင်းပြသထားသော နည်းပညာဆိုင်ရာပြခန်းများ၊ တက္ကသိုလ်ပညာရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများနှင့် ဆေးသုတေသနနှင့် နည်းပညာဆိုင်ရာပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဖြစ်သည်။

ဗလာဒီမာပူတင်သည် ရုရှားအရှေ့ဖျား၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး အရှေ့ဖျားစီးပွားရေးဖိုရမ်အား ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ် ကျင်းပခဲ့ရာ ယခုအခါတွင် (၆) ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေး မဟာဗျူဟာတစ်ခု

ရုရှားအရှေ့ဖျားဒေသသည် ယူရေးရှားနိုင်ငံများ ၏ အရှေ့ အစွန်ဆုံးဒေသဖြစ်ပြီး အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက် အဖြစ်အသုံးချ၍ ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေးပေါင်းစည်းနိုင်မှုအထိ ဦးတည်ဆောင်ရွက်သွားရန်ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အစပြုဆောင်ရွက်လျက် ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာတစ်ခုလည်း ဖြစ်သည်။

ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပခြင်းဖြစ်သည့် အားလျော်စွာ နိုင်ငံအသီးသီးမှ ပါဝင်တက်ရောက်သူများ ရောဂါ အန္တရာယ်ကင်းရှင်းစေရေးအတွက်ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ လာရောက်ရာတွင်လည်းကောင်း၊ ဖိုရမ် ကျင်းပရာနေရာနှင့် အရေးကြီးဆွေးနွေးပွဲများသို့ တက်ရောက်ရာတွင်လည်းကောင်း ကျန်းမာရေး ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရပြီး ဖိုရမ်ကျင်းပနေစဉ် အတွင်း WHO မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကန့်သတ်ချက်များ နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖိုရမ်သို့ ဂျပန်၊ ပြင်သစ်၊ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ အိန္ဒိယ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၆၁) နိုင်ငံမှ ကိုယ်စားလှယ်များ၊ သံအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် မီဒီယာများ စုစုပေါင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 (သတင်းစဉ်)