Nov 12, 2020
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂၀၀၀၀) ကျပ် စီကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က စတင်ကာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Nov 12, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၄၃) ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် (၈) နာရီခွဲတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများ အပါအဝင် မြန်မာ နိုင်ငံသား (၁၅၆) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၅) နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Nov 12, 2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅၈/၂၀၂၀) ကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 12, 2020
(၁၁-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၁၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 12, 2020
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်း နှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ များနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Nov 12, 2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
Nov 12, 2020
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်စုနှင့် အမှတ်(၉)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)စီကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
Nov 12, 2020
ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်(DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ သမဝါယမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
Nov 12, 2020
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
Nov 12, 2020
"ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်အငြိမ့် အနုပညာ အင်အားများနဲ့ ဖျော်ဖြေကန်တော့ ပန်ဆင် အလင်္ကာ တေးတစ်ပုဒ် ရွေးထုတ်ကာစီစဉ် ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ... အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည် သမိုင်းကြောင်းအထောက်အထား အမြောက် အမြားရှိခဲ့ပြီ ထူးချွန်ထက်မြက်လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ . . ."
Nov 12, 2020
မြန်မာအမျိုးသားတို့၏ တောင်းဆိုမှုများဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးသည့် တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် မွေးဖွားလာခြင်းသည် မြန်မာလူမျိုးတို့၏ ပညာအဆင့်အတန်း မြန်မာတို့၏ ဂုဏ်အသရေ တိုးပွားလာရေးအတွက် သာမက မြန်မာတစ်မျိုးသားလုံး ကျွန်အဖြစ်မှ သခင်ဖြစ်အောင်၊ မလွတ်လပ်သည့်ဘဝမှ လွတ်လပ်သည့်ဘဝရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။
Nov 12, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
Nov 11, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးကို နံနက်ပိုင်းတွင် ဗီဒီယိုကွင်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
Nov 11, 2020
ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ကြေညာနေမှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
Nov 11, 2020
ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၀) ကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက VIRTUAL MEETING စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ အငယ်တန်း အင်ဂျင်နီယာ(၃)နှင့် အငယ်တန်းအင်ဂျင်နီယာ(၄)အလုပ်ခွင်ဝင် Online သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။
Nov 11, 2020
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ Resident Representative, Mr. Titon Mitra အား Virtual Meeting ဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲတွင် လက်ခံတွေ့ဆုံသည်။