နေပြည်တော် စက်တင်ဘာ ၁၄
မကွေးမြို့နယ်၊ မင်းကံကြီးရပ်ကွက်၊ တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဖွင့်လှစ်ထားသည့် ပွားကြီးကွမ်းယာဆိုင်၌ ယနေ့ နံနက် ၈ နာရီခန့်တွင် ဒေသန္တရရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ကွမ်းယာဆိုင်ပိုင်ရှင်၏ သားဖြစ်သူ အသက် ငါးနှစ်အရွယ်သာရှိသေးသည့် အပြစ်မဲ့ကလေးငယ်တစ်ဦး ဝမ်းဗိုက်မိုင်းစဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကွမ်းယာ လာရောက်ဝယ်ယူသူ လူငယ်တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ မိုင်းဖောက်ခွဲခဲ့သော အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။