Jul 14, 2021
၂၀၂၁ ခုနှစ်ဇူလိုင်လ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့သည် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အာဇာနည်နေ့ ဇူလိုင်လ ၂၁ ရက်နေ့သည် အီဒုလ်အအဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့ ၊ ဇူလိုင်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့တို့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် စနေနေ့၊ တနင်္ဂနွေနေ့ အများပြည်သူ အလုပ်ပိတ်ရက်များ ဖြစ်ကြပါသည်။ COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက်
Jul 14, 2021
၂၀၂၁ ခုနှစ်ဇူလိုင်လ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့သည် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အာဇာနည်နေ့ ဇူလိုင်လ ၂၁ ရက်နေ့သည် အီဒုလ်အအဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့ ၊ ဇူလိုင်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့တို့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် စနေနေ့၊ တနင်္ဂနွေနေ့ အများပြည်သူ အလုပ်ပိတ်ရက်များ ဖြစ်ကြပါသည်။ COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက်
Jul 14, 2021
၂၀၂၁ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၉ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁၁ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမ ပြိုင်ပွဲ ကို ဩဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲအား စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားရှိသည်။
Jul 14, 2021
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အ-ထ-က (၂၀) ကျောင်းဝန်း မြေနေရာ၌ ကျင်းပသည်။
Jul 14, 2021
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေး ဟောပြောခြင်း၊ အထောက်အကူပစ္စည်းများ လိုက်လံဝေငှခြင်း ဆောင်ရွက်နေသည့် တာဝန်သိပြည်သူများအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလား သည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Jul 14, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC)၌ ရန်ကုန်မြို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများတွင် အောက်ဆီဂျင်အိုး များ လိုအပ်နေ မှုကြောင့် လီတာ ၄၀ အောက်ဆီဂျင် အိုးများ ဖြည့်တင်းပေးနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
Jul 14, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ၏ ၇/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက သတင်းမီဒီယာများ ၏သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 14, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော် ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jul 14, 2021
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာ တွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေး ဌာနများ အရောက် သွားရောက်လှူ ဒါန်းလျက်ရှိသည်။
Jul 14, 2021
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ COVID-19 ရောဂါအတည်ပြု လူနာ များနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ ၌ ကြိုတင်ပြင်ဆင် မှုများကို လုပ်ဆောင် လျက်ရှိသည်။
Jul 14, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရေဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။ အစီအစဉ်မှူး ။ ။ ယခုလက်ရှိ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက် ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်း သွားမှာ ဖြစ်ပါတယ်။ ။
Jul 14, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန စာပေ ဗိမာန်က ဗိုလ်မှူးချုပ် သန်းတင် (ငြိမ်း) ရေးသားသည့် “ကိုယ်တွေ့ ဖြစ်ရပ်များ - စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ” စာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်သည်။ ယင်းစာအုပ်မှာ ၂၀၀၄ ခုနှစ် အမျိုးသားစာပေ (နိုင်ငံရေး) ဆုရစာအုပ်ဖြစ်ပြီး တတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ စာရေးသူ၏အသက် ၁၆နှစ်အရွယ် တပ်သားသစ်ဘဝမှစတင်လျက် တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်လျက် နိုင်ငံနှင့် ပြည်သူအတွက် တိုက်ပွဲဝင်အောင်မြင်ခဲ့သည့် စစ်ခေါင်းဆောင် တစ်ဦး၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ် ဖြစ်သည်။
Jul 14, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က တင့်ဆွေ (ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်လေးကို ချီကာလွယ်” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ်မှာ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ (စာပဒေသာ) ဆုရ စာအုပ်ဖြစ်ပြီး ပဉ္စမအကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။ ဇနီးအဖြစ် အနှစ် (၆၀) တိုင်တိုင် တာဝန်ကျရာ ဒေသအသီးသီးသို့ လိုက်ပါပြီး ခင်ပွန်း ဖြစ်သူ ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ အလုပ်တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်အောင်ဖဝါးခြေထပ်အမြဲမခွဲဘဲလိုက်ပါ ပါရမီဖြည့်ခဲ့ရသူ ဇနီးသည်ကို ရည်စူး၍ ရေးသားထားသည့် မှတ်တမ်းစာအုပ်ဖြစ်သည်။ မြေပြန့်တောင်ပေါ်၊ ပင်လယ်ကမ်းရိုးတန်း၊ မြန်မာပြည်အနှံ့ တာဝန် ကျရာဒေသများသို့ ကျောပိုးအိတ်လေးလိုလိုက်ပါနေရပြီး ဆင်းရဲအတူ၊ ချမ်းသာမခွဲ၊ ဝါးတဲတန်းလျား၊ စစ်မြေပြင်ပါမကျန် တစ်ဦးနှင့်တစ်ဦး ချည်နှောင် တွယ်တာ လွယ်ပိုးခဲ့ရသူဖြစ်၍ ဇနီးသည်ကို စစ်သား တစ်ယောက်၏ ကျောပိုးအိတ်လေးဟု တင်စားဖွဲ့နွဲ့ကာ စာအုပ် နာမည်ပေးထားခြင်း ဖြစ်သည်။
Jul 14, 2021
COVD-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန် အတွက် တပ်မတော် အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
Jul 14, 2021
၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက် (တနင်္လာနေ့ ) ( ၇၄) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက် ဌာန အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက် ညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက အစိုးရရုံးဌာနအားလုံးသို့ ညွှန်ကြားထား ကြောင်း သတင်းရရှိသည်။
Jul 14, 2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရန်ကုန်မြောက်ပိုင်း ခရိုင် လူထုအခြေပြုဌာနသို့ သတင်း သမားများအတွက် Press Helmet ၂၅ လုံးနှင့် သတင်း မီဒီယာဥပဒေ၊ နည်းဥပဒေစာအုပ် များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတွဲဖက် အတွင်း ရေးမှူး (၂)၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးအောင်ပြည့်စုံနှင့် သတင်းမီဒီယာ ကောင်စီဝင်များ က မြောက်ပိုင်းခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်ထံ ပေးအပ် လှူဒါန်းခဲ့ကြသည်။
Jul 14, 2021
အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EO)၌ ကျင်းပသည်။
Jul 14, 2021
ဇူလိုင် ၁၂ ရက် ည ၈ နာရီမှ ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြလူနာ တွေ့ရှိမှုမှာ ရာခိုင်နှုန်း အားဖြင့် ၃၅ ရာခိုင်နှုန်းခန့် ရောက်ရှိလာသည်။ ယင်းမှာ လူသုံးယောက်လျှင် တစ်ယောက်မက ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေကြောင်း တွေ့ရှိရသည့် သဘောပင်ဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားခြင်းနှင့်အတူ ရောဂါပြင်းထန်မှုနှင့် သေဆုံး မှုကိုလည်း မြင့်မားလျက်ရှိသည့်အတွက် ရောဂါကူးစက်မှုကို ထိန်းချုပ်တားဆီးရန် လူတိုင်းက ဂရုပြုဆောင်ရွက်ကြရန်လိုသည်။