Skip to main content

ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၃၁

တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်  အလှူရှင်များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်  လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတ မြို့ သာသနာ့ဝေပုလ္လာ ရာမကျောင်းတိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကံသာယာကျေးရွာရှိ ကံသာယာထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေရှိ ရေငုံကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူ ငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်