Skip to main content

Jan 01, 2022

နိုင်ငံတကာ နှစ်သစ်ကူးအချိန်အခါမှစ၍ အေးချမ်းသာယာပြည်မြန်မာများ ဖြစ်ထွန်းလာစေရေးအတွက် စာပေပညာရှင်၊ အနုပညာရှင် အသီးသီးတို့၏ နှစ်သစ်ကူးဆုမွန်တောင်း စကားသံတို့ကို ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် နှစ်သစ်မင်္ဂလာ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့တွင် ပုသိမ်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့ ညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိသုတထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ ဩဝါဒကထာ နာကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

ဦးစိန်သန်း (ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) (ဗုဒ္ဓဘာသာ)

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် အင်းစိန်ခုံးတံတားပေါ်၌ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ်ခန့်)အား လုယက်ခံရသည့်ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၀ ဦးတို့အား ငွေကျပ် ၁၆၄ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ ရွှေဆွဲပြား မျိုးစုံ ၄၄ ပြား၊ ရွှေဟန်းချိန်း ၁၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး ၂ ခု၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ ပြား၊ အငှားယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူ ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

၂၀၂၂ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

လွတ်လပ်သောနိုင်ငံတွင် မွေးဖွားရှင်သန်လာသော ကျွန်ုပ်တို့အဖို့ “လွတ်လပ်ရေး” ဟူသော ဝေါဟာရစကားလုံးသုံးလုံးကို သိရှိကြသော်လည်း ထိုစကားလုံးသုံးလုံး၏အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထဲထဲဝင်ဝင်သိရှိကြသူ နည်းပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများအဖို့ လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိကြရန်လိုအပ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2022

ကမ္ဘာသုံးပြက္ခဒိန်အရ ယနေ့သည် ၂၀၂၂ ခုနှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် ယမန်နေ့ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသည်နှင့်အမျှ အတိတ်သည်လည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပြက္ခဒိန်ဟူသည် တစ်ဆက်တစ်စပ်တည်းသော အချိန်ကို နှစ်၊ လ၊ ရက်များအဖြစ် ပိုင်းခြား အမှတ်အသားပြုခြင်းဖြစ်ပြီး လူသားတို့၏လူရေးလူရာပြုဖွယ်ကိစ္စ အ၀၀တို့အတွက် အသုံးချခြင်းဖြစ်ရာ နှစ်ဟောင်းကုန်ခြင်း၊ နှစ်သစ် စတင်ခြင်းတို့သည် ပြက္ခဒိန်၏သဘောသာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး ယန္တရားကမူ ထာဝရလည်ပတ် နေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်