နေပြည်တော် ဒီဇင်ဘာ ၃၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် - တောင်ညို - မြို့သစ်-မကွေး (ကံပြား) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်(၃၃/၁-၃၃/၂) အတွင်းရှိ သရက်ခွ တံတားထပ်မံဆောင်ရွက်မည့် အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်(၄၆/၂-၄၈၀)အတွင်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုင် (၆၂/၇-၆၃/၀) အတွင်းရှိ ပေါင်းကူးတံတားကြံ့ခိုင်မှုနှင့်ရေစီးလမ်းကြောင်း ကောင်းမွန်မှု ရှိ/မရှိ ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ရန်ကုန် ပြည်-မန္တလေးလမ်း မိုင်(၃၃၂/၁-၃၃၂/၂) အတွင်းရှိ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မကွေးမြို့အဝင်မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းနယ်နိမိတ် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဘေးကင်းမှုဆိုင်ရာ အစီအမံများကို မေးမြန်း၍ ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းနှင့်အညီ နေထိုင်ရေး အထူးဂရုပြုရန်နှင့် လုပ်ငန်းခွင် တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားပြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် သက်ဆိုင်ရာဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်း ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည်ရာဝတီတံတား (မကွေး)နှင့် စကုမန်းချောင်းတံတားကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစဉ်