Skip to main content

Jul 15, 2021

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ထွန်းထွန်းလင်း မောင်းနှင်လာသည့် မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆,၂၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပညာပေးဟောပြောခြင်း၊ အထောက်အကူ ပစ္စည်းများ လိုက်လံဝေငှခြင်းဆောင်ရွက်နေသည့် တာဝန်သိ ပြည်သူများအား နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဆင်ခြင်တုံတရားမဲ့ စွာဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အင်းလေးကန်ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာများထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက် အင်းလေးကန်အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများ ပေါ်သို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေး အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက် လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော် ကောင်စီနယ်မြေ၊ ကချင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိတပ်ရင်းတပ်ဖွဲ့ အသီးသီး၌ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ COVID-19 ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများ အရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

လက်ရှိအချိန်တွင် COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများနှင့် ကန့်သတ် စောင့်ကြည့်ရမည့် လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးရာတွင် လိုအပ်သည့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို စေတနာ ရှင်အလှူရှင်များက တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် COVID Center များသို့ လာရောက်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်လျက်ရှိသော “ဝန်ထမ်းသစ်များ စွမ်းဆောင်ရည် သင်တန်း”၌ ဆွေးနွေးပို့ချမှု ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ယူမှုခရီး ငါးလတာကာလ ဖြတ်သန်းခဲ့ ပြီဖြစ်ပါတယ်။ ယခင်လများနည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများအပါအဝင် အစိုးရတစ်ရပ်လုံးက ပြည်သူအတွက်၊ နိုင်ငံအတွက် ဖော်ဆောင်မှုများမှာ များပြားလွန်းလှပါတယ်။ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုရှိအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် အားသွန် ကြိုးပမ်းရချိန်၊ တစ်ဖက်နိုင်ငံတကာမျက်နှာစာမှာလည်း နိုင်ငံနဲ့ အုပ်ချုပ်သူအစိုးရ၊ နိုင်ငံသားတို့ရဲ့ ရပ်တည်ချက်၊ မျှော်မှန်းချက်၊ ဆောင်ရွက်ချက်များကို ကမ္ဘာကသိမြင်အောင် ကြိုးပမ်းအားထုတ် ကြရတာကို မြင်တွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် video conferencing ဖြင့် ကျင်းပပြုလုပ်သော အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ကိုဗစ်-၁၉ တတိယလှိုင်းသည် ကမ္ဘာတစ်ခွင် ဖြစ်ပွားမှုမြင့်တက်နေသည်သာမက မြန်မာနိုင်ငံတွင် လည်း ဖြစ်ပွားမှုနှုန်း မြင့်မားနေသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ်ကြောင့် ဖြစ်ပွား နှုန်း လျင်မြန်စွာမြင့်တက်နေပြီး ရောဂါနှင့် ဆက်စပ်ပတ်သက်၍ မြေပြင်အခြေအနေတွင် အောက်ဆီဂျင်ကျဆင်းမှုပြဿနာများ ဖြစ်ပွားနေကာ အသက်သေဆုံးမှုများလည်း တစ်နေ့ထက် တစ်နေ့ မြင့်မား တိုးတက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူများ၊ မိမိ ကိုယ်ကိုယ် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ကျန်းမာရေးစောင့် ရှောက်မှုခံယူနိုင်သည့်အစီအစဉ်များ ထုတ်ပြန်လိုက်ရာ ၎င်း အစီအစဉ်အရ ကိုဗစ်-၁၉ သံသယရှိပါက သက်ဆိုင်ရာ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာန သို့မဟုတ် မြို့နယ်ဆေးရုံများသို့ သွားရောက်သတင်း ပို့ရမည်ဖြစ်သည်။ မြို့နယ်တွင်သတင်းပို့သည့် သံသယ ရှိသူအား ဓာတ်ခွဲစစ်ဆေးပေးမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ဓာတ်ခွဲအတည်ပြု လူနာများ အနေဖြင့် မိမိတို့၏ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျန်းမာရေးကော်မတီသို့ ပြန်လည် သတင်းပေးပို့ရမည်ဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2021

ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၇)ကို ဇူလိုင် (၁၆)ရက်၊ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2021

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၃)ကို ဇူလိုင် ၁၆ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2021

ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်း‌အဝေးခန်းမ၌ Online Platform ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2021

(၁၃-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁,၃၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၇,၀၈၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၉၁၄,၂၈၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၀၈,၃၅၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 14, 2021

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၁၄-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၁ ဖြင့် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်