Skip to main content

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲ‌ပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစ၍‌ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရပ်ကျေးခြောက်ခုမှ ပြည်သူ ၄၂၂ ဦး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကျေး ၂၂ ခုမှ ပြည်သူ ၃၇၃ ဦး၊ ကျောက်တန်းမြို့နယ် ရပ်ကျေး ၅၈ ခုမှ ပြည်သူ ၅၉၃ ဦး၊ ပန်းဘဲတန်းမြို့နယ် ရပ်ကွက်ငါးခု မှ ပြည်သူ ၄၀၅ ဦး စုစုပေါင်း ၁၇၉၃ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့သည်။

သို့ဖြစ်၍ ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ်ရှစ်ခုတို့မှ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၆၆၃၆ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြောင်း၊ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်