Skip to main content

Oct 09, 2023

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ဟန်ကျိုးမြို့ရှိ Olympic Stadium ၌ ကျင်းပသည်။ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် အဆင့် ၂၇ နေရာ ရပ်တည်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2023

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်တွင် CAPI စနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်လျက်ရှိသောအဖွဲ့များနှင့် ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2023

​​​​​​​၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2023

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကောင်းစွာ အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်ဝသော နည်းပညာရှင်များ အစဉ်မွေးထုတ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ဆောင်ရွက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံပြီး ပြည်သူ့အကျိုးသယ်ပိုးမည့် လူငယ်များပျိုးထောင်ပေးရေး အလေးထား ဆောင်ရွက်ရန်၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ နည်းပညာများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ စပါးခွံလောင်စာသုံး Gasifier အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်နှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ  သုတေသနများကို ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်ကာ University Ranking မြင့်မားလာစေရေး ဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့ညနေပိုင်းတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ)ကို သွားရောက်စစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2023

ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးစနစ်သုံးခုတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစနစ်ရှိ ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်ကျစရိတ်အသက်သာဆုံးနှင့် ဝန်စည်အများဆုံး သယ်ဆောင်နိုင်သော ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။ ရထားပို့ဆောင်ရေးတွင် ခရီးသည်ပို့ဆောင်ရေးအပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးအတွက် ကုန်ရထားများ တိုးချဲ့ပြေးဆွဲရေးလုပ်ငန်းများကို နိုင်ငံတိုင်းက အလေးထားဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 09, 2023

အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသမှ ဟားမားစ်တို့က အစ္စရေးတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ဒုံးကျည်အစင်းပေါင်း ထောင်နှင့်ချီ၍ ပစ်ခတ်တိုက်ခိုက်ကာ တိုက်ခိုက်ရေးသမားများကလည်း နယ်စပ်စည်းရိုးများကို ဖြတ်ကျော်၍ ဝင်ရောက်ခြင်းဖြင့် အစ္စရေး - ပါလက်စတိုင်းစစ်ပွဲ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီဖြစ်သည်။ လူနေရပ်ကွက်များအတွင်း ရောက်ရှိလာသည့် ဟားမားစ်လက်နက်ကိုင်တို့ သတ်ဖြတ်မှုကြောင့် အစ္စ‌ရေးအရပ်သားများ သေဆုံးမှုမှာလည်း ရာဂဏန်းများစွာရှိလာခဲ့ပြီဖြစ်ပြီး အလစ်အငိုက်ခံလိုက်ရသည့် အစ္စ‌ရေးဘက်မှလည်း တုံ့ပြန်တိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

ယနေ့နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူကွင်းဆည်တို့၏ ရေပိုလွှဲ ရေကျော် စီးဆင်းလာခြင်းတို့ကြောင့် ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား၊ မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျား ပေ၅၀၀ခန့်တွင် သံလမ်းအပေါ် ရေ ၁၈လက်မခန့် ကျော်တက်နေပြီး ရထားများဖြတ်သန်းနိုင်မှုမရှိသဖြင့် လူစီးအမြန်ရထား(၂)စင်း ခေတ္တရပ်နားထားရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) အစည်းအဝေးခန်းမ၌ လွတ်လပ်သောပညာရှင်အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေ မန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ယနေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်၊ ၈၈၀ စင်တီမီတာအထက် ၆၈ စင်တီမီတာ(၂ ပေခန့်)အထိ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်(၈)ခုနှင့် ကျေးရွာ(၂)ခုတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၈.၁၀.၂၀၂၃) ရက်နေ့တွင် ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်--

ဆက်လက်ဖတ်ရှုရန်

Oct 08, 2023

ပဲခူးမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေအမှတ်(၈၈၀)စင်တီမီတာအားကျော်လွန်ပြီး (၉၄၀)စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ရေကျော်လျက်ရှိကြောင်း သိရသည်။  

ဆက်လက်ဖတ်ရှုရန်